27 C
Yangon

ပြင်ဦးလွင် တိုက်ခိုက်ခံရပါက စစ်တပ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္ကသိုလ်ကို ရွှေ့ပြောင်းနိုင်ရန် စီမံထား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္က သိုလ် တည်ရှိရာ ပြင်ဦးလွင်တွင် တိုက်ခိုက်မှုများဖြစ်ပေါ်လာပါက ရွှေ့ ပြောင်းနိုင်ရန် စီမံထားကြောင်း ပြင်ဦးလွင် အခြေစိုက် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြင်ဦးလွင်နှင့်အနီးစပ်ဆုံး နောင်ချိုမြို့နယ်ကို TNLA က သိမ်းပိုက်ပြီးနောက် ပြင်ဦးလွင်ကို ဆက်လက်၍ တိုက်ခိုက်မှုများ ရှိလာပါက စစ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္ကသိုလ် ၂ ခုကိုလည်း အရေးပေါ် ပြောင်းရွှေ့နိုင်ရေးအတွက် စီမံထားရှိကြောင်း၊ သို့ရာတွင် မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ကို မသိရှိရသော်လည်း အထက်က အမိန့်ပေးလာမည့် နေရာကို ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားကြောင်း၊ လက်ရှိတွင် တက္ကသိုလ် ၂ ခုစလုံးတွင် လုံခြုံရေး အထူးတင်း ကျပ် ထားကြောင်း သိရှိရသည်။

“ပြောင်းလို့ ရွှေ့လို့ လွယ်အောင်တော့ ပြင်ဆင်ခိုင်းတယ်။ ဘယ်နေရာကို ပြောင်းမလဲဆိုတာမျိုးတော့ မသိရပါဘူး။ လူကြီးတွေက အဲဒီအချိန်ကျရင် ရွှေ့ခိုင်းမယ့်နေရာ ရွှေ့ရမှာပါ။ အခုတော့ ဘယ်နေရာကို ရွှေ့ရမယ်ရယ်လို့တော့ အသိပေးထားတာမရှိပါဘူး” ဟု ပြင်ဦးလွင်တပ်သတင်းရင်းမြစ်က ရှင်းပြ သည်။

စစ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္ကသိုလ်တွင် သင်တန်းသားဗိုလ်လောင်းနှင့် စစ်အင်ဂျင်နီယာသင်တန်းသား အရေအတွက်လည်း နည်းပါးပြီး ပြင်ဦးလွင်တိုက်ခိုက်ခံရလျှင် အဆိုပါသင်တန်းသားများထဲမှ တချို့သည် နောက်ချန်အင်အားအဖြစ်ဖြင့် တက္ကသိုလ်များကို ကာကွယ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ လုံခြုံရေးအခြေအနေများအရ ညပိုင်း စစ်တက္ကသိုလ်များနှင့် တပ်နယ်များတွင် မီးအမှောင်ချထားကာ ၂၄ နာရီ မပြတ် လုံခြုံရေး စနစ်များ ထားရှိထားကြောင်း သိရှိရသည်။

လတ်တလော ပြင်ဦးလွင်နှင့် အနီးစပ်ဆုံး နောင်ချိုမြို့နယ်၊ တောင်ခမ်းတွင်လည်း စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိရာ ပြင်ဦးလွင်အခြေစိုက် စစ်ကောင်စီတပ်များက လက် နက်ကြီးများဖြင့် တောင်ခမ်းဘက်သို့ ပစ်ခတ်၍ စစ်ကူပေးလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article