27 C
Yangon

ရန်ကုန်နှင့်မန္တလေးဆီဆိုင်များတွင် စက်သုံးဆီဝယ်ယူရန် ကားများ ပြန်လည် တန်းစီနေရပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန်နှင့် မန္တလေးဆီဆိုင်များတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ စက်သုံးဆီဝယ်ယူရန် ကားများ ပြန်လည် တန်းစီနေရကြောင်း ရန်ကုန်နှင့်မန္တလေးမှ ကားသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ညနေပိုင်းမှစတင်၍ စက်သုံးဆီဆိုင်များတွင် ဓာတ် ဆီ နှင့်ဒီဇယ်ဆီ မရရှိခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများ လုပ်ဆောင်လာပြီး ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် စက်သုံးဆီဆိုင်များတွင် ကားတန်းများ ပြန်လည်ဖြစ်လာကြောင်း ကားသမားများက ဆိုကြသည်။

“စက်သုံးဆီစျေးကျပြီး ဒေါ်လာစျေးတက်လာရင် ဆီမရှိတော့ဘူးဖြစ်ပြန်တာပဲ။ ဆီဆိုင်တစ်ခုမှာ ဆီပန့်တစ်ခုနဲ့ ဝန်ထမ်းတစ်ယောက်ပဲထားပြီး စက်သုံးဆီကို ချွေရောင်းတယ်။ စက်သုံးဆီတန်းစီရတာ ၂ နာရီခွဲလောက်ကြာတယ်။ တမင်ဆီပန့် ကို၂ ခုပဲဖွင့်ပြီး မကြာ ကြာအောင်လုပ်နေတာ။ ဝေဇယန္တာ New Day ဆီဆိုင်က အဲဒီလိုလုပ်တာမျိုး ထိပ်ဆုံးကပဲ” ဟု တက္ကစီအငှားယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ရန်ကုန်ရှိ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီကို ၃၀၀၀၀ ဖိုးနှင့် ဒီဇယ်မှာမူ ပြတ်လပ်နေကြောင်း၊ အများစုသော ဆီဆိုင်များမှာ ဆီများကို အကန့်အသတ်ဖြင့်သာ ပြန် လည်ရောင်းချနေကြောင်း သိရှိရသည်။

“အရင်နေ့တွေက ဓာတ်ဆီရော ဒီဇယ်ပါ ၅ သောင်းဖို့ ကန့်သတ်ရောင်းတယ်။ ဒီနေ့တော့ ၃ သောင်းဖိုးပဲရတော့တယ်။ ဒါတောင် ဆီဆိုင်တွေမှာ ဒီဇယ်မရတာ၊ 92 မရတာ၊ 95 မရတာတွေဖြစ်နေတယ်” ဟု အိမ်စီးကားပိုင်ရှင်တစ်ဦးက ဆိုသည်။

အလားတူ မန္တလေးတွင်လည်း ယနေ့ နံနက်ပိုင်းမှစတင်၍ စက်သုံးဆီများတွင် ဆီများ ဝယ်ယူရန် ပြန်လည် တန်းစီနေရကြောင်း သိရှိရသည်။

နယ်ဒေသမှ တစ်ပိုင်တစ်နိုင် ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးကမူ ဒေါ်လာစျေးတက်ပြီး စက်သုံးဆီစျေးကျလျှင် ဆီတင်သွင်းသူများက ဆီမထုတ်ပေးတော့ခြင်းနှင့် ဆီမရောင်းတော့ခြင်းများ အမြဲလိုလို ကြုံတွေ့နေရပြီး ယင်းသို့ လုပ်ဆောင်သူများမှာလည်း စစ်ကောင်စီဘက်တော်သား ဆီတင်သွင်းသောကုမ္ပဏီကြီးများပင်ဖြစ်ကြောင်း ပြောဆိုသည်။

“MPTA နဲ့ အင်ပိုတာတွေ ပေါင်းပြီး ဆီဈေးကျတော့ ဆီတွေ မထုတ်ပေးတော့ဘူး။ အခု PO 11 တွေမှာ ဆီ တစ်စက်မှ မထုတ်ရသေးဘူး ။နယ်ကားတွေ။ ရေတွေကြီး တောင်တွေပြို လမ်းတွေက ပိတ်နေတာကို နယ်ကားတွေကို ဆီ မထုတ်ပေးဘူး။ အခု နယ်တွေ ဒုက္ခ ရောက်နေတယ်။ ဆီတွေသာ ထုတ် ပေးနေရင် ဆိုင်တွေမှာ လုံလောက်မှာပေါ့။ အခုက Importer တွေက ဈေးကျရင် ယုတ် မာပြီ။ ဆီတွေ မထုတ်ပေးတော့ PO တွေ Cancel တွေ ထလုပ်ရတယ်။ PO သက်တမ်းကလည်း ၃ ရက်၊ ၄ရက် လောက်ပဲ ပေးတယ်။ နယ်သမားတွေက လုံး၀ အဆင်မပြေဘူး။ ဒင်းတို့ကတော့ PO ဆီမထုတ်လေ ကြိုက်လေပေါ့” ဟု နယ်ဒေသမှSME ဆီလုပ်ငန်းရှင်တစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်နှင့်မန္တလေးရှိ စက်သုံးဆီဆိုင်များတွင် ယနေ့ ကားများ ပြန်လည် တန်းစီနေရစဉ်။

Photo- CJ/ Facebook

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article