27 C
Yangon

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမူဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု KNU ၊ KNPP ၊ KSCC ၊ CNF အပါအဝင် အဖွဲ့ ၉ ဖွဲ့ ကြေညာ

Must read

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမူဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု KNU ၊ KNPP ၊ KSCC ၊ CNF အပါအဝင် အဖွဲ့ ၉ ဖွဲ့ ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းမူဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည် ဖောက်မည်ဖြစ်ကြောင်း ဆောက်မည်ဟု KNU ၊ KNPP ၊ CNF ၊ KSCC ၊ CNF အပါအဝင် အဖွဲ့ ၉ ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီများမှ အ နာ ဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းမှု များကို အကြိမ်ကြိမ်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ညှိနှိုင်းမှုများမှတဆင့် ပြည်နယ်အားကောင်း ရေး မှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) နှင့် စပ်လျဉ်းပြီး တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီများ စုစုပေါင်း (၉) ဖွဲ့မှ သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့နိုင်ငံမှာက နှစ်ပေါင်း ၇၀ ကျော် ဗဟိုချုပ်ကိုင်မှုစနစ်အောက်မှာ နေလာခဲ့ကြရတာဖြစ် တယ်။ အဲဒီအတွက်ကြောင့် တိုင်းပြည်ထဲမှာရှိတဲ့ နိုင်ငံရေးပြသနာတွေကိုလည်း ဖြေရှင်းနိုင်ခြင်းမရှိပဲ နဲ့ စစ်အာဏာရှင်လက်အောက်မှာပဲ အသက်ရှင်နေထိုင်လာခဲ့ကြရတာဖြစ်တယ်။ ဒီနေ့ နွေဦးတော် လှန်ရေး၊ လူထုတော်လှန်ရေးမှာတော့ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို တွင်တွင်ကျယ်ကျယ်သုံးလာကြ တယ်။ အနာဂတ်မြန်မာနိုင်ငံကိုလည်း ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့ တည်ဆောက်သွားမယ်လို့ ပြောကြတယ်၊ ဒါပေမယ့် ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ကျနော်တို့ကြားထဲမှာ အယူအဆနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က မတူကြဖူးဖြစ်နေတယ်။ ဖက်ဒရယ်လို့ပြောရင်လည်း ဖက်ဒရယ်စနစ်မှာ ပြည် ထောင်ကနေ ဗဟိုချုပ်ကိုင်မှုလုပ်တဲ့ ဗဟိုကနေ ပြည်နယ်တွေကို အာဏာတွေခွဲဝေပေးတဲ့စနစ် ရှိ တယ်၊ ပြည်နယ်တွေအားကောင်းရေးကနေမှ ပြည်ထောင်စုအားကောင်းရေးကို သွားတဲ့ ဖက်ဒရယ် စနစ် ရှိ တယ်။ ဒါ့အပြင် အခုနက နည်း ၂ နည်းလုံးကိုသွားတဲ့ စနစ်တွေလည်းရှိ တယ်။ ဒါပေမယ့် လည်း ကျနော်တို့နိုင်ငံရဲ့အခြေအနေကို ကြည့်လိုက်တဲ့အခါမှာ ပြည်နယ်အားကောင်းရေး ကနေ ပြည်ထောင်စုအားကောင်းရေး အခြေခံမူနဲ့သွားမှသာ ကျနော်တို့နိုင်ငံရေးပြသနာတွေကို ဖြေရှင်း နိုင်မယ်။ အနာဂတ်မှာလည်း ကျနော်တို့အားလုံးပြောနေကြတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ကျနော်တို့က ဒီနေ့တည်ဆောက်မယ့် ဖက်ရယ် ပြည်ထောင်စုကို Bottom-up Federalism နဲ့သွားမယ်ဆိုတာ တညီတညွတ်တည်း ကျနော်တို့က ထုတ်ပြန်ကြေညာတာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ဒီနေ့ ဖက်ဒရယ်လို့ပြောနေကြတဲ့ State Holder တွေကြားထဲမှာကို သွားချင်တဲ့ဖက်ဒရယ်စနစ်ကမတူသေးဘူးလေ၊ အဲဒီတော့ ကျနော် တို့ အစုအဖွဲ့တွေကတော့ ဒီလိုသွားမယ်ဆိုတာ အတိအလင်းထုတ်ပြန်တာဖြစ်တယ်။” ဟု KNPP အထွေ ထွေအတွင်းရေးမှူး – ၁ စောအောင်ဆန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးကို ရှေ့ရှုသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်း ကပ်မှု ဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်၍ မိမိတို့ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများ၊ တိုင်းရင်းသားခုခံ တော်လှန်ရေးအဖွဲ့အစည်းများမှ အတူတကွ တည်ဆောက်သွားမည်ဟု ဆိုသည်။

ထိုသို့ တည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ကို အောက်ပါအခြေခံမူများနှင့်အညီ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

(က) အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ၎င်း ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများဖြစ်သည်။

(ခ) ပြည်နယ်/ဖက်ဒရယ်ယူနစ်များသည် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည်။

(ဂ) အချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွှတ်မှု (Solidarity)၊ လူထုနှင့် အနီးကပ်ဆုံး အာဏာ (Subsidiarity) နှင့် အချိုးကျမှု (Proportionality) အခြေခံမူများ အတိုင်း လုပ်ပိုင်ခွင့်အာ ဏာခွဲဝေခြင်းကို ဆောင်ရွက်မည်။

ထို့အပြင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို တော်လှန်ရေးအင်အားစုများ အကြား ဆက်လက်ညှိနှိုင်းအကောင်အထည်ဖော်မည့်လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်ခဲ့ ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အထက်ပါ သဘောတူညီချက်နှင့် လုပ်ငန်းစဉ်များကို မိမိတို့ တိုင်းရင်းသား ခုခံတော် လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများမှ အနာဂတ်ဖက်ဒရယ် ဒီမိုကရေ စီ ပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွ လက်တွဲအကောင် အထည်ဖော်ဆောင်သွား မည်ဖြစ်ကြောင်းအသိပေးထားသည်။

“ဒါနဲ့ပတ်သက်ပြီးမှ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ တခြားအဖွဲ့တွေပေါ့ဗျာ၊ State Holder တွေနဲ့လည်း ညှိနှိုင်းတာတွေရှိပါတယ်။ ဒါပေမယ့် ဒီနေ့ အ ချိန် မှာတော့ ကျနော်တို့ ၉ ဖွဲ့ကတော့ အတိအလင်းကြေညာလိုက်တာပေါ့၊ တစ်ချို့ကတော့ ဒီအ ပေါ်မှာ အားလုံးကတော့ ထောက်ခံပါတယ်၊ သဘောတူတယ်။ သို့သော်လည်းပဲ အမည်နာမအနေနဲ့ ဖော်လို့မရသေးတဲ့အဖွဲ့တွေလည်းကျန်နေသေးတာပေါ့။” ဟု KNPP အထွေ ထွေအတွင်းရေးမှူး – ၁ စောအောင်ဆန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါ တီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၊ ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article