32 C
Yangon

တောင်ဒဂုံ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၁၀၇ ရပ်ကွက်ရုံးသို့ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် ရာအိမ်မှူး ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် စစ်တပ်လော်ဘီတယ်လီဂရန် စာမျက်နှာများ၏ ဖော်ပြချက်အရ သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၇ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးသို့ လူငယ် ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် ရာအိမ်မှူး ၁ ဦး တို့ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“တောင်ဒဂုံ ၁၀၇ ရပ်ကွက်ရုံးကို ဝင်ပစ်တာ။ အခုတော့ စကစတွေရောက်နေပြီ။ လမ်းပိတ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်လော်ဘီဖြစ်သော People Media ကမူ အမှတ် ၁၀၇ ရပ်ကွက်ရုံးပစ်ခတ်မှုတွင် အုပ်ချုပ်ရေးမှူးကြည်ထွန်းနှင့် ရာအိမ်မှူး ဆွေမြင့်အောင်တို့ သေဆုံးသွားကြောင်း သတင်းဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article