25 C
Yangon

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ

Must read

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်သင်္ဘောများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Salingyi Revolution Army ထံမှ သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က တစ်ကြိမ် မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောများ ကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Salingyi Revolution Army – S.R. A အဖွဲ့ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၉ ၊ IDIOTS COLUMN ၊ Black Tiger Attacaes Force ၊ ဘာမထီတော်လှန်ရေးအဖွဲ့ ၊ Monywa Undergrown Force ၊ ချင်းတွင်းဒိုင်း နမိုက် နှင့် တောင်ပံနီတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ချင်းတွင်းမြစ်အတွင်းသို့ သွားလာနေသော စစ်သင်္ဘောများကို တိုက်ခိက်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article