29 C
Yangon

ထိုင်းနိုင်ငံအနေဖြင့် မြန်မာလူထု အပေါ် စာနာစိတ်ထား ကူညီပေးရန် နှင့် ယာ ယီ နေထိုင်ခွင့်ပေးရေး NUCC က တိုက်တွန်း၊ နိုင်ငံတကာရောက် မြန်မာများ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ၊ စည်းကမ်းနှင့် ယဉ်ကျေးမှုများကို လေးစားရန် အကြံပြု

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသော အကြမ်းဖက် စစ်အုပ်စုထံမှ ထွက်ပြေးတိမ်း ရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန်နှင့် အ ထောက်အထားမဲ့ မြန်မာပြည်သူများကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့် ပေးသည့် အစီအစဉ် များကို ရေးဆွဲ အတည်ပြုပေးပါရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင် ဘာလ ၂၃ ရက်နေ့တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ၏ ကြီးမားသောနိုင်ငံရေး အပြောင်းအလဲကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများသည် အစိုးရဟု အမည်တပ်ထားသည့် အစုအဖွဲ့တစ်ခုက နိုင်ငံအ တွင်းရှိ ပြည်သူလူထုအား မတရားဖိနှိပ်မှုများကို ကျူးလွန်နေခြင်းများ၊ မတရား ဖမ်းဆီးခံရခြင်းများ၊ လူမဆန်စွာ သတ်ဖြတ်ခံ ရခြင်းများ၊ လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်မှုများ၊ ပညာသင်ကြားရေး ဆိုင်ရာ အခွင့်အရေးများ၊ မတရား စစ်မှုထမ်းခိုင်းခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု များကို ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှပြည်သူလူထုသည် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရား ဖိနှိပ်မှုများ၊ မတရားစစ်မှုမထမ်းမနေရ ဥပဒေများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြရပြီး စစ်အုပ်စု၏ ဖိနှိပ် မှု အမျိုးမျိုးကြောင့် ထွက်ပြေးလာကြရသော အပြစ်မဲ့အရပ်သား ပြည်သူများသည် အိမ်များ ဆုံးရှုံး ခြင်း၊ စာရွက်စာတမ်းများ ပျက်စီးဆုံးရှံးခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ထိုင်းနိုင်ငံ အတွင်း ဝင်ရောက် ခိုလှုံရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း အထောက်အထားမဲ့ မြန်မာပြည်သူများကို ဖမ်း ဆီး၍ လူ့အခွင့်အရေး ချိုးဖောက်ကာ အမျိုးမျိုးဖိနှိပ်နေသော စစ်အုပ်စုထံသို့ ပြန်လည်ပို့ဆောင် ပေး နေကြောင်း သိရှိရသည်ဟု NUCC က ပြောဆိုထားသည်။

အမျိုးမျိုးဖိနှိပ်နေသည့် စစ်အုပ်စုကြောင့် ထွက်ပြေးလာသူများအား ယင်းဖိနှိပ်သူများထံသို့ ပြန်လည် ပို့ဆောင်ခြင်းသည် ထပ်မံ နှိပ်စက်မှုကို ခံရစေရန် ဆောင်ရွက်သကဲ့သို့ လည်းကောင်း၊ အကြမ်းဖက် စစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီး လူငယ်များအား အတင်း အကျပ် စစ်သား စု ဆောင်းခြင်းထဲသို့ဝင်ရန် (တနည်းအားဖြင့် သေတွင်းသို့ ပို့ပေးခြင်း) ဆောင်ရွက်သကဲ့သို့ ဖြစ်စေပါ ကြောင်း NUCC က ထောက်ပြထားသည်။

သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသော အကြမ်းဖက် စစ်အုပ်စုထံမှ ထွက် ပြေးတိမ်းရှောင်လာသည့် မြန်မာပြည် သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန်နှင့် အထောက်အထားမဲ့ မြန်မာပြည်သူများအား ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့် ပေးသည့် အစီအ စဉ်များကို ရေးဆွဲ အတည်ပြုပေးစေလိုပါကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက တိုက်တွန်းတောင်းဆိုထားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တစ် လျှောက်တွင် လူသားချင်းစာနာထောက် ထားမှု ကဏ္ဍအရ IDP camp များကို ၁၉၈၀ ခုနှစ် ကတည်း က ဖွင့်လှစ်ကာ စစ်အုပ်စု၏ လက်နက်ဖြင့်အနိုင်ကျင့်၊ သတ်ဖြတ်၊ ညှင်းပန်း၊ မီးရှို့ဖျက်ဆီးမှုများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသည့် အပြစ်မဲ့အရပ်သား ပြည်သူများကို တာဝန်ယူ လက်ခံပေးထားသည့် အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံသည် ၁၉၄၈ ခုနှစ်ကတည်းက “Universal Declaration of Human Rights” ကို လက်မှတ်ထိုးထားပြီး ထိုင်း နိုင်ငံ၏ နိုင်ငံရေးတည်ဆောက်မှုတွင် အဆိုပါအချက်များကို အတတ်နိုင်ဆုံးထည့်သွင်း အကောင် အထည်ဖော်လျက်ရှိနေသည့်အတွက်လည်း လေးစားဂုဏ်ယူမိကြောင်း NUCC ကတောင်းဆိုသည်။

မြန်မာပြည်သူလူထု ရင်ဆိုင်နေရသော ဆိုးရွားခက်ခဲသည့် အခြေအနေအရပ်ရပ်အား သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အစိုးရ များက နားလည်သိမြင်ပြီး ထောက်ပံ့ ကူညီ ပေးနေမှုများ အပေါ် အလေးအနက် တန်ဖိုးထားအသိအမှတ်ပြုပါကြောင်း၊ ပြည်ပ နိုင်ငံများသို့ တိမ်းရှောင်လာရ သော မြန်မာပြည်သူများအနေဖြင့် အသက်ရှင် ရပ်တည်နိုင်ရန် စိန်ခေါ်မှုများ၊ တရားဝင်နေထိုင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံလိုအပ်ချက် များစွာရှိနေပါ သောကြောင့် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် ပိုမိုထိရောက် လေးနက်သည့် အကူ အညီများ ပေးရန် NUCC က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

နိုင်ငံတကာရောက် မိမိတို့မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ချမှတ် ထား သော ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာများကို လေးစား လိုက်နာပြီး အိမ်ရှင်တိုင်းပြည်မှ ဒေသခံပြည်သူများနှင့် သဟဇာတရှိရှိ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲ နေထိုင်သွားရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တောင်းဆိုသည်။

မြန်မာပြည်သူလူထု၏ အန္တိမပန်းတိုင်ဖြစ်သော စစ်မှန်ပြည့်ဝသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ စုစည်းတည်ဆောက်ပြီးချိန်တွင် ယခုကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်း အတွင်း ကူညီဖေးမမှုပေးခဲ့သော နိုင်ငံတကာ အစိုးရများနှင့် ပြည်သူများအား ကျေးဇူးဥပကာရ တင်ရှိ ကြောင်း မှတ်တမ်းတင်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် လူမှု စီးပွားဖွံဖြိုးတိုးတက်ရေး စသည့် ဒေသအတွင်း အကျိုးပြုကိစ္စရပ်များတွင်လည်း ရှေ့ဆက်၍ အတူတ ကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUCC က အသိပေး ထားသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် မတ်လ ၄ ရက်နေ့ ဘန်ကောက် ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်သော မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှ မြန်မာနိုင်ငံသားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Reuters ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် မတ်လ ၄ ရက်နေ့ ဘန်ကောက် ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်သော မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှ မြန်မာနိုင်ငံသားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article