28 C
Yangon

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်တွေ ထပ်ပေးနေသလား၊ စိတ်ဓာတ် စစ်ဆင်ရေးလား

Must read

By သိုက်ထွန်းဦး (PPNM)

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက်နေ့ နှင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကို အင်းစိန်အကျဉ်းထောင်အတွင်း သေဒဏ်များ စီရင်လိုက်သည်ဆိုသော သတင်းများ ထွက်ပေါ်လာသည်။ အဆို ပါသတင်းနှင့် ပတ်သက်ပြီး သိရှိထားသမျှ ပြန်လည် တင်ပြလိုပါသည်။

သေဒဏ်သတင်းပျံ့နှံ့လာခြင်း

================

ကျွန်တော်တို့(PPNM)အဖွဲ့သူ၊အဖွဲ့သားများသည် ပြည်သူလူထုသိရှိရန်ခက်ခဲပြီး အကျဉ်းထောင်အသီးသီးတွင် အမှန်တကယ်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအကျဉ်း သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ဥပဒေမဲ့ သတ် ဖြတ်မှုများ၊လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနှင့် အဓမ္မပြုကျင့်ခံ‌ရမှုများ၊ ထောင်တွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား/သူများ၏ အချက်အလက်များ၊ ထောင်အာဏာပိုင်များ၏ လာဘ်စားမှု ကိစ္စရပ်များစွာကို သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြပါသည်။ PPNM အနေဖြင့် အချက်အလက်မှန်ကန်မှုကို အဓိက ထားပြီး ထုတ်ပြန်ခဲ့သည့် အတွက် ထိုထုတ်ပြန်ချက် တစ်ခုချင်းစီကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများကအမြဲပြန်လည်ရှင်းလင်းချက်များ ထုတ် ပြန်‌နေရဆဲဖြစ်ပါသည်။

စက်တင်ဘာလ ပထမအပတ်တွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦး၏ ဖေ့ဘွတ်စာမျက်နှာတွင် “သေဒဏ်ပေးထားသူတွေ ထပ်မံကွပ်မျက်မယ်လို့ သတင်း ထွက် တယ်” ဆိုသည့် အကြောင်းများဖြင့် ဖော်ပြလာသည်။ ထိုကဲ့သို့ ရေးသားခဲ့သည်ကို ပထမဦးစွာ ဖတ်ရပြီးနောက် သေဒဏ်သတင်းသည် စတင်ပျံနှံလာခဲ့ပါသည်။ ‌

အတည်ပြုနိုင်ခြင်းမရှိသော အဆိုပါ သေဒဏ်ပေးမည့်သတင်း အပေါ် ခန့်မှန်းယူဆချက် အမျိုးမျိုးဖြစ်ခဲ့ရာမှ ပြည်သူများမှာလည်း စိုးရိမ်ပူပန်များစွာ ဖြစ်ပေါ်ခဲ့ကြရသည်။လက်ရှိ အင်းစိန်အကျဉ်းထောင်အတွင်း ရက်အလိုက် ထူး ခြားဖြစ်စဉ်များကို ရက်အလိုက် မှတ်တမ်းရယူထားနိုင်ခဲ့ပါသည်။

“စက်တင်ဘာလ ၁၄ ရက်

=================

ထောင်အကျရုံးတွင် သေဒဏ်ချခံထားရသည့် ကျား ၄ ဦးနှင့် မ ၁ ဦးကို ရဲတပ်ဖွဲ့ဝင်များ ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ခေါ်ထုတ်လာသည့် သေ ဒဏ်ချမှတ်ခံထားရသူ ၅ ဦးကို ထောင်ဝန်ထမ်းနှင့်ရဲတပ်သား ၁၈ ဦးက လုံခြုံ ရေးယူ၍ ခေါ်ထုတ်ခဲ့ပါသည်။

စက်တင်ဘာလ ၁၆ ရက်

=================

အကျဥ်းထောင်သို့ ဒုညွန်ချုပ် လာရောက်ခဲ့ပြီး အကျဉ်းထောင်အပြင်ဘက်ရှိ ဝန်ထမ်းအရာရှိအိမ်ရာတွင် အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၁၆ ရက်နေ့မှ စ၍ အကျဉ်းထောင်ထဲတွင် Standby (အသင့်အနေ အထား) ပြင်ဆင်ခဲ့ကြပါသည်။

စက်တင်ဘာလ ၁၉ ရက်‌

=================

အကျဉ်းထောင်အတွင်ရှိ ဝန်ထမ်းအားလုံး Standby ထားရှိ၍ အသွားအလာတင်းကျပ် ထားပါသည်။

စက်တင်ဘာ ၂၂ ရက်

===============

ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား/သူများအပါအဝင် အကျဉ်းသား ၅၀၀ ဦးကို ထောင်ပြောင်းခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၂၅၇ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၆၃ ဦး တို့ပါဝင်ခဲ့ပါသည်။

စက်တင်ဘာလ ၂၃ ရက်

=================

အကျဉ်းထောင်အတွင်း ကြိုးပေးသည့် နေရာသည် သီးသန့်နေရာဖြစ်ပြီး ခွင့်ပြုချက်မရရှိလျှင် အကျဉ်းဦးစီးဝန်ထမ်းများပင် သွားရောက်ရန် မလွယ်ကူသည့်နေရာဖြစ်ပြီးစက်တင်ဘာ ၁၄ ရက်နေ့မှစ၍ အဆိုပါ ကြိုးစင်ရှိရာ နေရာတစ်ဝိုက်ကို တပ်ရဲ ဟူ သီးခြားခေါ်‌သည့် အကျဉ်းဦးစီးဝန်ထမ်းများမှ ထောင်အာဏာပိုင် ၏ အမိန့်အရ တာဝန်ယူထားသည်ကို သိရှိထားရပါသည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၄ နာရီတွင် အင်းစိန်ထောင်အား ဗုံးခွဲသည့်အမှုဖြင့် သေဒဏ်ကျခံခဲ့ရသည့် လင်မယားနှစ်ဦးကို ကြိုး ပေး ကွက်မျက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။

ကြိုးပေးမှုတကယ်ရှိခဲ့လား

==================

ကြိုးပေးကွပ်မျက်မှု တကယ်မရှိခဲ့သည့်တိုင်အောင် အဆိုပါ ပျံ့နှံ့လာသည့် သတင်းများကြောင့် သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား/သူများနှင့် ၎င်းတို့၏မိသားစုဝင်များမှာ စိုးရိမ်ပူပန်ကြရပြီး ဝမ်းနည်းပူဆွေးရမှုသည် ပထမဆုံး ထွက်ပေါ်လာသည့် ရလဒ်ဖြစ်နိုင်သည်ကို သတိပြုဆင်ခြင်ကြရမည် ဖြစ်ပါသည်။

ဒုတိယ အနေဖြင့် စစ်ရေးမှာ ရှုံးနိမ့်နေသည့် စစ်ကောင်စီကို သေဒဏ်အရေးသတိထားမိသွားစေရန် လမ်းကြောင်းတွန်းပို့ရာ မရောက်ရန်လည်း အထူးသတိထားကြရမည် ဖြစ်ပါသည်။ အတည်ပြုထားနိုင်သည့် အချက်အလက်များအရ စက်တင်ဘာ(၂၃)ရက်နေ့တွင် ကြိုးပေးကွပ်မျက်သတ်ဖြတ်ခြင်း မရှိခဲ့သလို ယနေ့ စက်တင်ဘာလ၂၄ရက်နေ့ ကြိုးပေးမည်ဟု ပျံ့နှံ့နေသည့် အကြောင်းအရာများသည်လည်း သတင်းအမှားများသာ ဖြစ်ပါသည်။

စိတ်ဓာတ်စစ်ဆင်ရေးအထူးသတိပြု

=========================

အကျဉ်းထောင်တွင်း အခြေအနေများနှင့်ပတ်သက်၍ ကောလဟာလများကို ရည်ရွယ် ချက်ရှိရှိဖြင့် ဖြန့်ဝေခြင်းခံနေရပါသည်။ ဒါက စိတ်ဓာတ်စစ်ဆင်ရေးတစ်ရပ်ကို စစ်ကောင်စီလက်အောက်ခံနှင့် တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ စနှစ်တကျဖြန့်ဝေလျက်ရှိပါသည်။ ယခုကဲ့သို့ မဟုတ်မမှန် သတင်းများ ပျံ့နှံ့နေခြင်းသည် သေဒဏ်ချခံထားရသူတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်ဆောင်နေ ခြင်းဖြစ်ပြီး သေဒဏ်ကျခံနေရတဲ့ မိသားစုဝင်တွေကိုပါ တစ်ဖက်လှည့်ဖြင့် စိုးရိမ်ပူပန်ပြီး ဝမ်းနည်း ပူဆွေးအောင် လုပ် ဆောင်နေခြင်းဖြစ်ပါတယ်။

ထို့ကြောင့် အကျဉ်းထောင်နှင့်ပက်သက်ပြီး သတင်းတစ်ခုခုကြားပါက ချက်ခြင်း မယုံကြည်ဘဲ စိစစ်ရန် အထူးလိုအပ်ပြီး ကြားရသည့်သတင်းက ဘယ်ကစလာတာလဲ အရင်ဆုံး အတည်ပြုသင့်ပါသည်။ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း များ၊သတင်းမီဒီယာများက ထုတ်ပြန်ထား/မထား ပြန်ကြည့်ပြီးမှသာ ယုံ ကြည်ကြပါရန် မေတ္တာရပ်ခံအပ်ပါ သည်။

(သိုက်ထွန်းဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် -PPNM ၏ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည်။)

ဓာတ်ပုံ – အင်းစိန်အကျဉ်းထောင်။ Photo- Reuters။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အင်းစိန်အကျဉ်းထောင်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article