28 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက် စစ်ကောင်စီက မနေ့က လည်း လေကြောင်းကနေ ထပ်မံ ဗုံးကျဲသွားပြန်ပြီး ၊ ပြည်သူ ၁ ဦးသေဆုံးထားတဲ့အပြင် နောက်ထပ် ၉ ဦးလည်း ဒဏ်ရာတွေ ရထားသလို ၊ နေအိမ်ပျက်ဆီးမှုတွေလည်း များထားတယ်လို့ ဒေသခံပြည်သူတွေနဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့မှာ နယ်မြေခံစစ်တပ်က ခွင့်ပြုထားတဲ့ ကျားဖြန့် လုပ်ငန်း တချို့ကို စစ်ကောင်စီက ပြန်ဖမ်းပြမှုဟာ တရုတ်ကို ကျေနပ်စေဖို့ နဲ့ မူဆယ်ကို တော်လှန်ရေးတပ်တွေ လာမတိုက်အောင် ရည်ရွယ်လုပ်ပြနေတာဖြစ်တယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီရဲ့ သေဒဏ်ချမှတ် ကွပ်မျက်မှုတွေဟာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှု မြောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ IIMM အကြီးအကဲက နီကိုလက်စ်ခွန်ဂျန်က သတိပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article