28 C
Yangon

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ပါဝင်သော ICWA ၏ “ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ်” ဆွေးနွေးပွဲသို့ ဖိတ်ကြားထားသည်ဆိုသော သတင်းအပေါ် NUG က တစ်စုံတစ်ရာ မှတ်ချက်မပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

အိန္ဒိယအစိုးရက ထောက်ပံ့ပေးထားသည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပါဝင်နေသော အိန္ဒိယကောင်စီ ICWA က နိုဝင်ဘာလတွင် ကျင်းပရန် ရှိနေသော “ဖွဲ့စည်း ပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ်” ဆွေးနွေးပွဲသို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကို ဖိတ်ကြားထားသည်ဆိုသော သတင်းများ အပေါ် NUG က တစ်စုံ တစ်ရာ မှတ်ချက်မပြုကြောင်း သိရှိရသည်။

ရိုက်တာသတင်းဌာနက လာမည့် နိုဝင်ဘာ လလယ်တွင် ကျင်းပမည့် “ဖွဲ့စည်း ပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ်” နယူးဒေလီဆွေးနွေးပွဲသို့ ရခိုင် AA၊ ချင်း CNF ၊ ကချင် KIA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို အိန္ဒိယအစိုး ရက ဖိတ်ကြားထားကြောင်း သတင်းဖော်ပြခဲ့ပြီး အဆိုပါ သတင်းအပေါ် NUG ဘက်သို့ ရန်ကုန်ခေတ်သစ်သတင်းဌာနက မေးမြန်းရာ တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်း၊ ငြင်းဆိုခြင်းမပြုပေ။

NUG အပါအဝင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ချင်း၊ ရခိုင်နှင့် ကချင် ပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း အိန္ဒိယအစိုးရက ဖိတ်ကြားခဲ့ကြောင်းရိုက်တာသတင်းက ဆိုသည်။

အိန္ဒိယအစိုးရက ရန်ပုံငွေထောက်ပံ့ထားသည့် အိန္ဒိယကောင်စီ ICWA က ဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ်” ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက် ခံကျင်းပသွားမည်ဖြစ်ပြီး အဆိုပါကိစ္စကို လျှို့ဝှက်ထားကြောင်း ရိုက်တာသတင်းသတင်းက ဆက်လက်ဖော်ပြသည်။

အိန္ဒိယကောင်စီ ICWA တွင် နိုင်ငံခြားရေးဝန်ကြီး Jaishankar ပါဝင်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နယ်စပ်မတည်ငြိမ်မှုများနှင့် မြန်မာနိုင်ငံရှိ အိန္ဒိယ၏ စီမံ ကိန်းများအတွက် လုံခြုံရေးအန္တရာယ်များကို စိုးရိမ်ကြောင်း ဇွန်လတွင် ပြောကြားခဲ့သည်။

ချင်းအမျိုးသားတပ်ဦး၏ ဒုတိယဥက္ကဋ္ဌ ဦးရွှေခါးက “ကျွန်တော်တို့ ကိုယ်စား လှယ်တွေ လွှတ်လိုက်မယ်။ အိန္ဒိယက တရားဝင် ဆက်ဆံတာ ဒါပထမဆုံး အကြိမ်လို့ ကျနော်ထင်ပါတယ်။ ဒါက ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုပဲ” ဟု ရိုက်တာသတင်းဌာနထံသို့ ပြောဆိုသည်။

အိန္ဒိယအစိုးရ၏ နယူးဒေလီဆွေးနွေးပွဲကို တက်ရောက်ရန် ရှိ/မရှိကို တော်လှန် ရေးအဖွဲ့များဖြစ်သည့် AA, KIA နှင့် NUG တို့က တရားဝင်အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်)ကို ဆွေး နွေး ပွဲသို့ ဖိတ်ကြားခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ နယူးဒေလီဆွေးနွေးပွဲကို အိန္ဒိယအစိုးရက လျှို့ဝှက်ထားသည်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ကုလားတန်ဆိပ်ကမ်းနှင့် အဝေးပြေးလမ်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နှင့် ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်များကို ထိုင်းနိုင်ငံနှင့် ဆက်သွယ်ပေးမည့် အခြားလမ်းပရောဂျက်အတွက် ဒေါ်လာ သန်း ၂၅၀ ခန့် ပံ့ပိုးပေးမည်ဖြစ် ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article