26 C
Yangon

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများတွင် လေယာဉ်သံကြားသည်နှင့် ကြောက်ရွံ့တုန်လှုပ် မနေရဲသည်အထိ တိုက်ခိုက်မှုများ လုပ်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် အမိန့်ပေးထားဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများတွင် လေယာဉ်သံကြား သည်နှင့် ကြောက်ရွံ့တုန်လှုပ် မနေရဲသည်အထိ တိုက် ခိုက်မှုဆောင်များ လုပ်ရန် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အမိန့်ပေးထားကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်နိုင်မင်း စစ်ဆင်ရေး၏ ညွှန်ကြားချက်များ ပြောဆိုထုတ်ပြန်ရာတွင် အထက်ဖော်ပြပါ အမိန့် ညွှန် ကြားချက်လည်း ပါဝင်ကြောင်း သိရှိရသည်။

“လက်လွှတ်ဆုံးရှုံးထားရတဲ့နယ်မြေတွေမှာ စည်ကားပြီး လည်ပတ်နေတာမျိုး လုပ်လို့မရအောင်။ လူတွေ ပြောင်းရွှေ့ နေထိုင်တာမျိုးမရှိအောင်။ အဆုံးစွန် အဲဒီနေရာကို သိမ်းထားတဲ့သူတွေတောင် လေယာဉ်သံကြားရင် ကြောက်ရွံ့တုန်လှုပ်ပြီး မနေရဲတဲ့အထိ လုပ်ရမယ်။ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေတွေ ဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ပြန်လည် ရယူမှာ ဖြစ်တယ်။ ဒါကြောင့် ပြန်လည် မသိမ်းပိုက်နိုင်ခင်မှာ ဒီနေရာတွေမှာ စည်ကားနေထိုင်မှုတွေ မဖြစ်အောင် လုပ်ဖို့ ညွှန်ကြားပါတယ်။ အဲဒီနေရာတွေကနေ တစ်ဖက်အဖွဲ့အစည်းတွေအတွက် အခွန်အကောက်တွေ ရနေတာမျိုးတွေ လုံး၀(လုံး၀) မရရှိစေဖို့ လုပ်ဆောင်ဖို့လည်း ညွှန်ကြားချက်ပေးထားတာရှိနေပါတယ် ” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

လတ်တလော စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ခဲ့သော ရန်နိုင်မင်း စစ်ဆင်ရေးဖြင့် နိုင်ငံတစ်ဝန်းရှိ လက်လွှတ် ဆုံးရှုံးထားသော နယ်မြေများကို တောက်လျှောက်ဆိုသလို ဗုံးကျဲမှုများ လုပ်ဆောင်နေပြီး လေယာဉ်ဆီ၊ လက်နက်ခဲယမ်းများကို အိန္ဒိယ၊ ဥဘက်ကစ္စတန်နှင့် ရုရှားနိုင်ငံတို့မှ အဓိက ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော သတင်းအချက်အလက်များအရ တံတားဦးလေတပ်၊ အေလာလေတပ်နှင့် မှော်ဘီလေတပ် အပါအဝင် နိုင်ငံတစ်ဝန်း လေတပ်များမှ လေယာဉ်အတက်အဆင်းစာရင်းမှာ နေ့၊ ည အချိန်မရွေး အမြဲမပြတ်ရှိနေပြီး တာဝန်ထမ်းဆောင်မည့် လေယာဉ် မှူး၊ တွဲဖက်လေယာဉ်မှူးနှင့် အုပ်စုများစာရင်းများမှာလည်း နေ့စဉ်၊ အပတ်စဉ် အမြဲ Update လုပ်နေကြောင်း သိရှိရသည်။

လက်ရှိ လက်လွှတ်ဆုံးရှုံးထားသော နယ်မြေများကို လေကြောင်းစစ်ဆင်ရေးကို ဦးစားပေး လုပ် ဆောင်ပြီးနောက် မြေပြင်တွင် ထုအင်အားတည်ဆောက်၍ ထိုးစစ်ဆင်မှုများလည်း မကြာမီ လုပ် ဆောင်ရန် ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကရင်နီပြည်၊ လွိုင်ကော်တွင် ရန်နိုင်မင်း စစ်ဆင်ရေးအဖြစ် စက်တင်ဘာလ ၄ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားချက်ပေးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည်၊ လွိုင်ကော်တွင် ရန်နိုင်မင်း စစ်ဆင်ရေးအဖြစ် စက်တင်ဘာလ ၄ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားချက်ပေးနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article