30 C
Yangon

မောင်တောမြို့ နခခ ၅ စခန်း အပါအဝင် ရခိုင်ပြည်မှ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေး ထိုးစစ်များ အရှိန်အဟုန်မြှင့်မည်ဟု AA အသိပေးထုတ်ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရခိုင်ပြည်၊မောင်တောမြို့နယ်တွင် ရှိနေသော စစ်ကောင်စီ၏ နခခ ၅ စခန်း အပါအဝင် အကြမ်းဖက် စစ်ကောင်စီ ၏ လက်ကျန်တပ်စခန်းအားလုံးကို တစ်ခုမကျန် သိမ်းပိုက် ရယူရေး ထိုးစစ်များကို အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရခိုင်တပ်တော် AA က အသိပေး ထုတ်ပြန်သည်။

AA အနေဖြင့် မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မြို့အတွင်း ကစဉ့်ကလျားထွက်ပြေးပြီး တိုက် တာ အဆောက်အအုံ၊ လူနေအိမ်အချို့တွင် ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်းများနှင့် ARSA၊ RSO၊ ARA လက်နက်ကိုင်များကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိ မောင်တောမြို့ပြင်တွင် တစ်ခုတည်းကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ နခခ ၅ စခန်းကိုအပြီး သတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ အာရက္ခဒေသအတွင်းရှိ AA က အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မပြီးပြတ်သေးသည့် စစ်တပ် လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA ကြေညာသည်။

လတ်တလော စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် ရခိုင်ပြည်၊ အမ်းမြိုနယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် စစ်ကောင်စီ၏ ခမရ ၃၄၆၊ ခမရ ၃၇၃ ၊ ခမရ ၃၇၂ တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ခုကို AA က တိုက်ခိုက်ခဲ့ရာ ၂ နာရီနီးပါး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ဘက်မှ အလောင်း ၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း AA က ဆိုသည်။

အလားတူ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင်လည်း အမ်းမြို့နယ်အတွင်း ယမန်နေ့ တိုက် ပွဲ ဖြစ်ပွားခဲ့သောနေရာအနီး ပတ်ဝန်းကျင်၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီက အထိအခိုက်အကျအဆုံးအချို့ ဖြင့် နောက်ဆုတ်သွားခဲ့ပြီး စစ်တပ်၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် ဂွမြို့ နယ်၊ ကျောက်ပါးစပ်ရွာ ပတ်ဝန်းကျင် ကျိန္တလီကားလမ်းမအနီး တောင်ကုန်းတွင်လည်း ၂ နာရီကျော်ကြာ AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရခိုင်ရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ထားသော AA တပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်ရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ထားသော AA တပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article