26 C
Yangon

လားရှိုးမြို့ မန်နားကျေးရွာအပေါ်သို့ ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦးဒဏ်ရာပြင်းထန်၊ နေအိမ်နှင့်ကားများ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့၊ မန်နားကျေးရွာအပေါ်သို့ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချခဲ့ရာ ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦးဒဏ်ရာပြင်းထန်ကြောင်း လားရှိုးမြို့ ပြန် လည်ထူထောင်ရေးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်မှ ည ၁၀ နာရီ ၁၀ မိနစ် အချိန် အကြမ်းဖက်စစ်ကောင်စီက လူနေထူထပ်သော ရပ်ကွက် ၁၂ ၊ မန်းနာကျေးရွာအပေါ်သို့ အလွန်ပေါက်ကွဲအား ပြင်းထန်သော ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချခဲ့ရာ ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများအနက် ၃ ဦးမှာဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ်ပေါင်းများစွာ ပျက်စီးခဲ့ရသည့်အပြင် စစ်ရေးနှင့်မသက်ဆိုင်သည့် လူနေထူ ထပ် ရာ နေရာများကို ပစ်မှတ်ထားတိုက် ခိုက်ခြင်းဖြစ်ကြောင်း ၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်၊အဆောက် အဦများ၊ရုံးများနှင့်ဈေးများပျက်စီးဆုံးရှုံးရမှုများသည် စစ်ရေးကာလက ပျက်စီးမှုများထက် ပိုများနေကြောင်း သိရှိရသည်။

MNDAA ၏ ထုတ်ပြန်ချက်တွင်မူ စက်တင်ဘာလစတင်၍ မင်းအောင်လှိုင်က “တန်ပြန်ထိုးစစ်” ဟု ခေါ်သည့် စစ်ဆင်ရေးကို စတင်ခဲ့ပြီး ပြည်သူများ ၏ အသက် နှင့် ဥစ္စာပစ္စည်းများ လုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက် တိုက် ဖြစ်ပွားခဲ့ကြောင်း ၊ထိခိုက်သေဆုံးရသော လူဦးရေမှာ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာကြောင်း၊ လားရှိုးကို စစ်တပ်၏ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ၁၀ ကြိမ်ရှိနေပြီး အရပ်သား အနည်းဆုံး၃ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article