26 C
Yangon

ကျိုက်မရောမြို့နယ်၊ မင်းရွာကို စစ်တပ်က လက်နက်ကြီး ၈ လုံး ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၈ လုံး ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ဂဠုန်စစ်ကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဓမ္မသကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၀၅ မမ လက်နက်ကြီး ၅ လုံးနှင့် စစ်သ‌င်္ဘာပေါ်မှ ၈၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ် ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း မင်းရွာကျေးရွာ တောင်ဘက်နှင့် မြောက်ဘက်ပိုင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒါဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“လက်ရှိ စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက် ဆုံးရှုံးရတာ မင်းရွာပါ။ ပြည်သူ ၁ ဦး ထိခိုက် ဒါဏ်ရာရရှိပြီး နေအိမ် ၃ လုံး ထိမှန် ပျက်စီးပါတယ်” ဟု ဂဠုန်စစ်ကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article