26 C
Yangon

ထိုင်းနိုင်ငံတွင် လေ့လာရေးခရီး ထွက်လာသော ကျောင်းကား မီးလောင်မှုကြောင့် သူငယ်တန်း ကျောင်းသားများ အပါအဝင် ၂၂ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ထိုင်းနိုင်ငံတွင် လေ့လာရေးခရီးထွက်လာသော ကျောင်းကားမီးလောင်မှုကြောင့် သူငယ်တန်းကျောင်းသားတချို့ အပါအဝင် ၂၂ ဦးသေဆုံးကြောင်း ထိုင်းKhaosod English က သတင်းဖော်ပြသည်။

ထိုင်းအာဏာပိုင်များ၏ အဆိုအရ ကျောင်းသားကျောင်းသူနှင့်ဆရာမ အပါအဝင် စုစုပေါင်း ၄၄ ဦး လိုက်ပါသော ကျောင်းကားက လေ့လာရေးခရီးထွက်လာရင်း ဘန်ကောက်နှင့် ပသုမ်သနီ အစပ် လမ်းခရီးမှာ ကားဘီးပေါက်ရာက ဘေးနံရံတွေ တိုက်မိပြီး မီးလောင်ခဲ့ကြောင်း၊ ကားတံခါးက ဖွင့်ရန် ခက်ခဲနေခဲ့သဖြင့် အားလုံးက ၀ိုင်းဝန်း ကြိုးစားခဲ့ပေမယ့်လည်း ကားက အရှိန်ပြင်းပြင်းဖြင့် မီးလောင်ခဲ့တာကြောင့် ကားပေါ်မှ ၁၉ ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ သေဆုံးမှုမှာ သူငယ်တန်း ကလေးငယ်များ အပါအဝင် ကျောင်းသား ၁၉ ဦးနှင့် ဆရာ၊ ဆရာမ ၃ ဦးသေဆုံးကြောင်း ၊ ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း၊ ထိုင်းအာဏာပိုင်များက ကျောင်းကားမီးလောင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

Photo Credit – Khaosod English

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article