29 C
Yangon

မင်းအောင်လှိုင် ပေးတဲ့ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်၊ သူရဲကောင်းမှတ်တမ်းဝင်၊ စစ်မှုထမ်းကောင်းဘွဲ့ရ FTC 2000G ဒုဗိုလ်မှူးကြီး ဝင်းဟန်ဦး လေယာဉ်ဆီခိုးရောင်းမှု အပါအဝင် တရားမဝင်ငွေ လစဉ် သိန်းထောင်ချီ ရနေ

Must read

By ရန်ကုန်ခေတ်သစ်

တရုတ်နိုင်ငံလုပ် FTC 2000 G လေယာဉ်တွေက မြန်မာနိုင်ငံအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားတဲ့နယ်မြေတွေကို အဓိက ဗုံးကျဲတိုက်ခိုက်နေတဲ့ လေယာဉ်အုပ်စုဖြစ် လာပါတယ်။

လေယာဉ်အပိုပစ္စည်း အလွယ်တကူနဲ့ အမြန်ဆုံးရရှိနိုင်တာ၊ နည်းပညာအရ F7 တိုက်လေယာဉ်တွေနဲ့ အလားသဏ္ဍန်တူတာ၊ လေယာဉ်ဆီစားနှုန်းက ရုရှား SU 30 ထက် နည်းတာတွေကြောင့် စစ်ကောင်စီက FTC 2000 G တိုက် လေယာဉ်တွေကို ပိုပြီး သုံးလာနေပါတယ်။ လွန်ခဲ့တဲ့ ဩဂုတ်လမှာ တရုတ်နိုင်ငံက FTC 2000 G တိုက်လေယာဉ်အသစ် ၆ စီး ထပ်ရောက်ခဲ့တာမို့ စုစုပေါင်း FTC 2000 G စုစုပေါင်း ၁၂ စီး လက်ခံရရှိခဲ့ပါပြီ။ ဒါပေမယ့် တစ်စီးက ကချင်ပြည်နယ်မှာ ပစ်ချခံခဲ့ရတာမို့ စုစုပေါင်း ၁၁ စီးပဲ ကျန်ပါတော့တယ်။

စစ်ကောင်စီက FTC 2000 G တိုက်လေယာဉ်တွေကို လေကြောင်းတိုက်ခိုက်မှုအတွက် အဓိက အားထားနေရတာမို့ အဲဒီ FTC 2000 G တိုက်လေယာဉ်အုပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပြီး မင်းအောင်လှိုင်က မြှောက်စားထားပါတယ်။

မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် ၂၄၂ / ၂၀၂၃ နဲ့ ဒုတိယဗိုလ်မှူး ကြီး ဝင်းဟန်ဦးကို တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ပေးအပ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အမိန့်ကြော်ငြာစာ အမှတ် ၅ / ၂၀၂၄ နဲ့ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးကို စစ်မှု ထမ်းကောင်းတံဆိပ် ထပ်မံချီးမြှင့်ခဲ့ပါတယ်။

မင်းအောင်လှိုင် ပေးအပ်တဲ့ ဘွဲ့ ၃ ဘွဲ့ရ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးက လားရှိုး၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ နေရာတွေကို အဓိက ဗုံးကျဲနေခဲ့တဲ့ တိုက်လေယာဉ်အုပ်မှူး စစ်ရာဇဝတ်ကောင်တစ်ဦလည်းဖြစ်ပါတယ်။

ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးက FTC 2000 G တိုက်လေယာဉ်အုပ်မှူးအဖြစ် နမ့်စန်လေတပ်မှာ အထိုင်စခန်းချ ကွပ်ကဲနေပြီး သူရဲ့ ဇနီးသည် ခင်သန္တာကျော်ဆွေနဲ့အတူ နမ့်စန်လေတပ်မှာ နေထိုင်နေတာလည်းဖြစ်ပါတယ်။

ဝင်းဟန်ဦးရဲ့ မိန်းမဖြစ်သူ ခင်သန္တာကျော်ဆွေဆိုတာက အောက်ခြေ တပ်ကြပ်ကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီး အရာရှိငယ်ဘ၀ဖြစ်နေတဲ့ ဝင်းဟန်ဦးကို ယူထားခဲ့ရာကနေ ဗိုလ်ကတော်ဖြစ်လာသူလည်းဖြစ်ပါတယ်။

အသွင်တူမှ အိမ်သူဖြစ်တဲ့ ခင်သန္တာကျော်နဲ့ ရက်စက်လွန်းတဲ့ ဝင်းဟန်ဦးတို့ နှစ်ဦးဟာ ကိုယ်ကောင်းစားရေးအတွက်ဆို ဘယ်သူ့ကိုမဆို ချနင်းတတ်ကြတဲ့ အထက်ဖားအောက်ဖိ လူစားတွေလည်းဖြစ်ပါတယ်။ လက်အောက်ငယ်သားတွေအပေါ်မှာလည်း ညှာတာမှုတစ်စက်လေးတောင်မရှိဘဲ အာဏာပါဝါပြလွန်းသူတွေရယ်လို့ လေတပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက FTC 2000 G လေယာဉ်အုပ်မှူးဖြစ်လာတဲ့ ဝင်းဟန်ဦးက လေယာဉ်ဆီ ခိုးရောင်းတာ၊ လေယာဉ်ပြင်ဆင်မှုဆိုင်ရာစရိတ်တွေ စာရင်းပြ ခိုးတာတွေ အပါအဝင် တစ်လကို သိန်း ၂၀၀၀ ဝင်ငွေ ရှိနေပါတယ်။

မင်းအောင်လှိုင် အလေးထားရတဲ့သူမို့ လုပ်ချင်ရာလုပ်ပြီး ခိုးချင်ရာ ခိုးခွင့်လည်းရနေတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က ရောက်ရှိလာတဲ့ FTC 2000 G လေယာဉ် ၆ စီးက စရောက်တည်းက တစ်နိုင်ငံလုံးပတ်ပြီး ဗုံးကျဲခဲ့တာခဲ့မို့ ပျံသန်းချိန် နာရီ အလွန်များနေလို့ ပြင်ဆင်စရိတ်နဲ့ လေယာဉ်ဆီလည်း ပိုပြီးတော့ ကုန်ကျပါတယ်။ အဲဒါကိုက ဝင်းဟန်ဦးအတွက် ငွေရပေါက် ရလမ်းကြီးဖြစ်နေတာပါ။ လက်ရှိမှာလည်း အသစ်ရောက်လာတဲ့ FTC 2000 G လေယာဉ် ၆ စီးနဲ့ တစ်နိုင်ငံလုံးကို ပတ်ပြီး ဗုံးကျဲနေတာလည်းဖြစ်ပါတယ်။

နမ့်စန်မှာ အတွဲညီပြီး ဂေါက်လည်း အတူတူ၊ တရားမဝင်ငွေရှာလည်း အတူတူဖြစ်နေတာကတော့ FTC 2000 G အုပ်မှူး ဒုတိယဗိုလ်မှူးကြီးဝင်းဟန်ဦးနဲ့ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကိုတို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အထက်မှာတော့ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်က အုပ်ချုပ်ပါတယ်။ နမ့်စန်မှာ ဗိုလ်ချုပ်စိုးအောင်၊ ဗိုလ်မှူးကြီး လင်းကိုနဲ့ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးတို့ ၃ ဦးလုံးကတော့ ပုလင်းတူ ဘူးစို့ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားတဲ့ ကိုယ်ကောင်းစားဖို့ဘာမဆို လုပ်ရဲသူတွေလည်းဖြစ်ပါတယ်။

နမ့်စန် လေတပ်ဂေါက်ကွင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဂေါက်ရိုက်ကစားနေတတ်တဲ့ ဗိုလ်ချုပ်စိုးအောင်၊ ဗိုလ်မှူးကြီး လင်းကိုနဲ့ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးတို့ ၃ ဦးစလုံးက ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကျဲသတ်ဖြတ်ရာမှာ အောက်ခြေအဆင့် အမိန့်ပေးသူ၊ စီစဉ်ညွှန်ကြားသူနဲ့ ကာယကံ မြောက်ကျူးလွန်သူတွေအဖြစ် ရာဇဝင်မှတ်တမ်းတင်ရမယ့် စစ်ရာဇဝတ်ကောင်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ – အသစ်ရောက်လာတဲ့ ရုရှားလုပ် တိုက်လေယာဉ်ကို ဝင်ထိုင်နေကြည့်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အသစ်ရောက်လာတဲ့ ရုရှားလုပ် တိုက်လေယာဉ်ကို ဝင်ထိုင်နေကြည့်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article