27 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • နေပြည်တော်တပ်ကုန်းမြို့က ရေကြီးမှုမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ထုတ်တဲ့စက်ရုံ ကပစ ၁ နဲ့ ကပစ ၄ စက်ရုံတွေက စစ်သည်၊ အရာရှိနဲ့ တပ်မိသားစုဝင်အယောက် ၃၀ ကျော် ရေမျော သေကုန် ကြပြီး ၊စစ်ကောင်စီရဲ့ လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေး နဲ့ ကုန်ကြမ်းဓာတုပစ္စတွေအားလုံး ရေမျာ ပျက်စီးခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် မင်းအောင်လှိုင် ပေးတဲ့ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်၊ သူရဲကောင်းမှတ်တမ်းဝင်၊ စစ်မှုထမ်းကောင်းဘွဲ့ရထားတဲ့ FTC 2000G တိုက်လေယာဉ်မှုး ဒုဗိုလ်မှူးကြီး ဝင်းဟန်ဦး ဆိုသူဟာ လေယာဉ်ဆီခိုးရောင်းမှု အပါအဝင် တရားမဝင်တဲ့ ဝင်ငွေ လစဉ် သိန်းထောင်ချီ ရနေတယ်လို့ လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ဆရာတော်၊ သံဃာတောတွေ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဖို့ နဲ့ ကန့်ကွက်ကြဖို့ကိုပါ မန္တလေး သံဃသမဂ္ဂ /ကနေ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article