26 C
Yangon

ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး စာသင်ကျောင်း ဆောင် ၂ ဆောင် ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် လက်နက်ကြီး ဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး စာသင်ကျောင်းဆောင် ၂ ဆောင် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

လေးကေကော်မြို့သစ်အနီး စွယ်တော်ကုန်းရှိ အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်စခန်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ကော့ကရိတ်မြို့နယ်၊ ဒေါနအရှေ့ခြမ်း ဖလူးကြီးကျေးရွာ စာသင်ကျောင်းဆောင်ကို ကျရောက်ပေါက်ကွဲပြီး စာသင် ကျောင်းဆောင် ၂ ဆောင်စလုံး ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အတွင်း ကျောင်းသား၊ ကျောင်းသူ ဆရာ၊ ဆရာမများ ထိခိုက်မှု မရှိသော်လည်း ဖလူးလေး ကျေးရွာအနီးကို ကျရောက်ပေါက်ကွဲသော လက်နက်ကြီးကြောင့် ဒေသပြည်သူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

KNU – တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အဓိကကျသော တပ်စခန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲအနေဖြင့် နေ့စဥ်နှင့်အမျှ ဖော်ဆောင်လျှက်ရှိနေပြီး အာဏာသိမ်း အကြမ်းဖက် အကြမ်းဖက်စစ်တပ်ကလည်း လက် နက်ကြီးများဖြင့် ကျေးရွာများအတွင်းကို ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း၊ ရမ်းသမ်း၍ သော် လည်းကောင်း ပစ်ခတ်လျှက်ရှိပြီး လေကြောင်းဖြင့်လည်း လိုက်လံ ဗုံးကျဲလျှက်ရှိကြောင်း KNU ဗဟိုက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article