26.4 C
Yangon

မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ခံမှု ရှိစေရေး အမေရိကန်သံအမတ်ကြီး ထိုင်းနိုင်ငံသို့ လာရောက် ဆွေးနွေးမည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃ ဒ

မြန်မာနိုင်ငံတွင် ကျူးလွန်ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ခံမှု ရှိစေရေး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုများအတွက် တရားမျှတမှု ဆိုင်ရာ အကြီးတန်းသံအမတ်ကြီး ထိုင်းနိုင်ငံသို့ လာရောက် ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ အမေရိကန်အကြီးတန်း သံအမတ်ကြီး Beth Van Schaack သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ပြီး ထိုင်းအစိုးရ အဖွဲ့ဝင်များ?အရပ်ဘက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရေးကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်သံအမတ်ကြီး Van Schaack အနေဖြင့် မြန်မာနိုင်ငံတဝန်း ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရေးနှင့် ရက်စက်ကြမ်းကြုတ်မှုကို ခံစားခဲ့ရပြီး အသက်ရှင်ကျန်ရစ်များသူများအတွက် တရားမျှတမှုရရှိစေရေး အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန်အနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ၎င်းတို့၏ဆန္ဒအရ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး အတွက် အထောက် အကူဖြစ်စေမည့် အခြေအနေများကို ဖန်တီးပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article