29 C
Yangon

NLD ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မန္တလေးဆေးရုံ ICU တွင် အရေးပေါ် ဆေးဝါးကုသမှု ပေးနေရပြီး ကျန်းမာရေးအခြေအနေဆိုးရွားနေ

Must read

NLD ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မန္တလေးဆေးရုံ ICU တွင် အရေးပေါ် ဆေးဝါးကုသမှု ပေးနေရပြီး ကျန်းမာရေးအခြေအနေဆိုးရွားနေ

ရန်ကုန်၊ အောက်တိုဘာ ၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဒုတိယဥက္ကဋ္ဌ နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)တွင် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရကာ ကျန်းမာရေးအခြေအနေဆိုးရွားနေကြောင်း NLD သတင်းရင်းမြစ်များက ပြောဆိုကြသည်။

သွေးကင်ဆာခံစားနေရသော ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ထားပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေး မကောင်းမွန်ခဲ့ရာမှ ယခုနောက်ဆုံး မန္တလေးဆေးရုံကြီး ICU တွင် အထူးကြပ်မတ် ဆေးဝါးကုသပေးနေရကြောင်း သိရှိရသည်။

“နောက်ဆုံးသိရတာက ဆုံးတာတော့မဟုတ်သေးပါဘူး။ ဒါပေမယ့် အခြေ အနေတော့မကောင်းဘူး။ နေ့လယ်ပိုင်းက လွတ်ငြိမ်းချမ်းသာ အမိန့်လာဖတ်သွားတယ်တဲ့” ဟု NLD သတင်းရင်းမြစ်က ပြောဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတွင် အမရပူရမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးကာ ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း၊ ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ် မြောက်လာခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် NLD အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းခံရသည့်နေ့တွင် မိသားစုနှင့်အတူ စစ်တပ်၏ ဖမ်း ဆီးထိန်းသိမ်းမှု ခံခဲ့ရပြီး စစ်တပ်က ပုဒ်မ အမျိုးမျိုးတပ်ကာ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article