31 C
Yangon

နေပြည်တော်၊ တပ်ကုန်းတွင် ရေကြီး၍ သောင်တင်နေသော ဂါလံ ၉၀၀၀ ကျော်ပါ ဆီတိုင်ကီအတွင်းမှ ဆီများ ဖောက်ထုတ်သယ်ယူနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်ကိုက မီးရှို့ခဲ့သဖြင့် ဆီတိုင်ကီ ပေါက်ကွဲပြီး လူ ၈ ဦး မီးလောင်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

နေပြည်တော် သပြေချောင်းကျေးရွာအနီးတွင် ရေကြီး၍ သောင်တင်နေသော ဂါလံ ၉၀၀၀ ကျော်ပါ ဆီတိုင်ကီအတွင်းမှ ဆီများဖောက်ထုတ်သယ်နေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး၏အစ်ကိုဖြစ်သူက မီးရှို့ခဲ့ရာ လူ ၈ ဦး မီးလောင်ဒဏ်ရာအပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ရာဂိမုန်တိုင်းမိုးသည်းထန်မှုကြောင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာ အုပ်စုအတွင်းရှိ ရွှေနဂါး ဆီဆိုင်မှ ရောင်းချရန်သိုလှောင်ထားသော ဂါလံ ၉၂၀၀ ဆန့် ဆီတိုင်ကီတစ်လုံးသည် ချောင်းရေနှင့်အတူ မျောပါပြီး သပြေချောင်းကျေးရွာ၏အနောက်တောင် ဘက် ၁ မိုင်ခန့်အကွာအဝေးနေရာ၌ ကမ်းတင်နေခဲ့ကြောင်း၊ ထိုသို့ ကမ်းတင်နေသည့် ဆီတိုင်ကီကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် သပြေချောင်းကျေးရွာသားများနှင့် အနီးအနားကျေးရွာနေပြည်သူ အချို့မှ တွေ့ရှိကာ ဆီများ ခပ်ယူခဲ့ကြကြောင်း သိရသည်။

ဆီတိုင်ကီအတွင်းမှ ဆီများခပ်ယူသည်ကို လူအများအပြားသိရှိပြီး ကျေးရွာနေလူ ၁၀၀ ကျော်မှ ဝိုင်း ဝန်း ခပ်ယူနေခဲ့ကြောင်း၊ ထိုစဉ် သပြေချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သန်းဇော်၏ အစ်ကို မျိုးနိုင်က ဆီတိုင်ကီကို မီးရှို့ခဲ့ရာ ဆီတိုင်ကီပေါက်ကွဲမှုဖြစ်ပြီး ဆီခပ်ယူနေသူ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ရေကြီးတော့ ချောင်းဘေးမှာရှိတဲ့ ရွှေနဂါးဆိုတဲ့ ဆီပန့်ဆိုင်က ဆီတိုင်ကီကြီးတွေ ရေထဲမျောပါလာ တာ၊ သုံးလေးငါးလုံးလောက်တော့ရှိမယ်၊ တစ်လုံးကတော့ သပြေချောင်းရွာရဲ့ အနောက်တောင် ဘက် ၁ မိုင်ခန့်လောက်မှာ ရေလျော့သွားတော့ သောင်တင်နေတာပေါ့၊ အဲလို သောင်တင်နေတာကို ၁၂ ရက်နေ့မှ ရွာသူရွာသား တွေက သွားတွေ့တာ၊ တွေ့တော့ ဆီဝယ်ရတာကလည်း ခက်နေတော့ ရေအဆုံးကုန်းတစ်ဝက်ပဲဆိုပြီး ဖောက်ယူကြတာပေါ့၊ နောက်တော့ သူ့ထက်ငါ ဝိုင်းဝန်း ဖောက်ယူခပ်ယူကြတာပေါ့၊ လူကတော့ ၁၀၀ ကျော်လောက်ရှိသွားတာ၊ အဲလိုခပ်တဲ့အထဲမှာ သပြေချောင်းကျေးရွာအုပ်ချုပ်ရေးမှူး သန်းဇော်ရဲ့ အစ်ကိုအရင်းလည်း ခပ်တဲ့အထဲမှာ ပါတယ်။ တိုး ဝှေ့ နေတော့ သူယူလို့ မရဘူးဆိုပြီး ဘယ်သူမှ မရအောင်ဆိုပြီး ဆီတိုင်ကီကို မီးနဲ့ရှို့ပစ်တာ၊ မီးရှို့လိုက်တော့ အုန်း ဆိုတဲ့အသံကြီးပေါက်ကွဲပြီး လူတွေဒဏ်ရာရကုန်တာ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဆီတိုင်ကီပေါက်ကွဲမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံနှင့် ကုတင် ၅၀ ဆေးရုံတို့သို့ ပို့ဆောင်ကုသခဲ့ရပြီး အပြင်းအထန် ဒဏ်ရာဖြင့် ကုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ကုသထားရသူများမှာ အသက် ၆၀ အရွယ် ကိုသန်းမောင်၊ အသက် ၄၅ နှစ်အရွယ် ကိုနိုင် (ခ) သံတရာ ၊ အသက် ၃၂ နှစ်အ ရွယ် ကိုကံတင် ၊ အသက် ၃၀ အရွယ် ကိုမိုက်ခဲ (ခ)ကိုသောင်းထိုက် ၊ အသက် ၂၈ နှစ်အရွယ် ကိုဝိုင်းချစ် ၊ အသက် ၃၀ အရွယ် ကိုသိန်းကို အသက် ၂၄ နှစ်အရွယ် ကို သန်းဇော်ဦး နှင့် အသက် ၄၂ နှစ်အ ရွယ် မအိမွန်တို့ဖြစ်ကြောင်း သိရသည်။

“၈ ယောက်ကတော့ အပြင်းအထန်ဖြစ်တာ၊ ၂ ယောက်တော့ ကုတင် ၅၀ မှာ ကုရတယ်၊ ဆေးရုံ မ တက်ရဘဲ နောက်ထပ် ဒဏ်ရာရတဲ့သူတွေက ၁၀ ယောက်လောက်ရှိတယ်။ အပြင်းအထန်ဖြစ်တဲ့အ ထဲက အိမွန်ဆိုရင် ခုထိ အောက်ဆီဂျက် ပေးထားရတုန်း၊ သန်းဇော်ဦးက မျက်နှာနဲ့ ညာဘက် ခြေ ထောက်မီးလောင်တာ၊ အခုထိလမ်းမလျှောက်နိုင်သေးဘူး။ သောင်းထိုက် (ခ) မိုက်ခဲတို့ ကံတင်တို့ ဆိုရင်လည်း ဆေးရုံက ဆင်းခွင့်ပေးလိုက်ပေမယ့် ပြန်သွားပြရအုံးမှာ။” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြသည်။

အဆိုပါ မီးရှို့မှုနှင့်ပတ်သက်၍ သပြေချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်က အစ်ကို ဖြစ်သူ မျိုးနိုင် ကိုအကာအကွယ်ပေးထားပြီး မီးရှို့မှုကိုလည်း မတော်တဆ မီးလောင်မှုဟုလည်း ကောင်းသတင်းမှားဖြန့်ထားကြောင်း၊ မီးရှို့မှုကို ရဲစခန်းတိုင်တန်းသူကိုလည်း စစ်မှုထမ်းစာရင်းသွင်း ကာ စစ်တပ်အတွင်းထည့်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

“ရဲစခန်းကလည်း ချောင်းရဲ့အနောက်ဘက်ကမ်းမှာရှိနေတော့ လာလို့လည်းမရဘူး။ ရေကလည်း တအားကြီးနေတော့၊ ပေါက် ကွဲသံကြားလို့ သတင်းတော့လှမ်းမေးတယ်လို့ သိရတယ်၊ အဲဒါကို အုပ် ကြီးက သဘာဝဘေးကြောင့် ရေနဲ့မျောပါလာတဲ့ ဆီတိုင်ကီကို လုကြ၊ ခပ်ကြရင်းမတော်တဆ ဖြစ် ပြီးပေါက်ကွဲတာပါလို့ သတင်းပေးလိုက်တာ၊ တကယ်က သူ့အစ်ကိုက ရှို့တာ။ ရဲစခန်းကို အမှုသွား ဖွင့်တော့လည်း ဖွင့်မပေးဘူး။ လာပြီးမေးတာမြန်းတာလည်းမရှိဘူး။ ဆေးဖိုးဝါးခလည်း ကိုယ့်ဘာ သာကို ကုန်ကျခံပြီး ကုသနေရကြရတယ်။” ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article