27 C
Yangon

ပို့ကုန်ရငွေဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမရှိဘဲ ပြည်ပမှ မည်သည့်ပစ္စည်းမှ မတင်သွင်းရန် စစ်ကောင်စီက UMFCCI မှ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ထပ်မံ သတိပေး

Must read

🟥နိုင်ငံခြားငွေ မကုန်ရေး တံခါးပိတ် စီးပွားရေးမူဝါဒ စစ်တပ်က ပြန်ကျင့်သုံးမှု အားလုံးအခက်တွေ့

ရန်ကုန်၊ အောက်တိုဘာ ၁၁

အကြမ်းဖက်စစ်ကောင်စီက ပို့ကုန်ရငွေမရှိဘဲ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမရှိဘဲ ပြည်ပနိုင်ငံများမှ မည်သည့် ကုန်ပစ္စည်းမှ ကြိုတင် တင်သွင်းခြင်းမပြုရန် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ စီးပွားရေးလုပ်ငန်းရှင်များကို ထပ်မံ သတိပေးချက် ထုတ်ပြန်လာကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက သွင်းကုန်လိုင်စင်များကို လျှောက်ထားရာတွင် ပို့ကုန်ရငွေ နိုင်ငံခြားငွေများ တင်ပြနိုင်မှသာလျှင် သွင်းကုန်လိုင်စင်များ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပို့ကုန်ရငွေ မရှိဘဲ မည်သည့် သွင်းကုန်လိုင်စင်မှ ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထို့ပြင် ပြည်တွင်းသို့ သွင်းကုန်များ ကြိုတင်သွင်းပြီး ဆိပ်ကမ်းနှင့်နယ်စပ်စခန်းများရောက်မှ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းများကိုလည်း လုံး၀ ခွင့်ပြုမည်မဟုတ်ကြောင်း UMFCCI မှ ကုန်သည်များနှင့်စီးပွားရေးသမားများကို သတိပေးသည်။

“ကိုယ်ကလည်း ဘာမှ မပို့နိုင်ဘူး။ ဘာမှ မပို့နိုင်တော့ ဘယ်က ပို့ကုန်ရငွေရမလဲ။ အဲဒီတော့ သွင်းကုန်ကလည်း မသွင်းနိုင်ဘူး။ စစ်တပ်က သူ့နိုင်ငံခြားငွေ မကုန်ရေး ဘာမှ အသွင်းမခံတော့ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း မလာဘူး။ နယ်စပ်ကုန်သွယ်ရေးတွေကလည်း အကုန်ရပ်နေတယ်။ အခုတစ်ခါ ထပ်ပြီး ပို့ကုန်ရငွေ မရှိဘဲ သွင်းကုန်တွေ ကြိုတင်တင်သွင်းတာ မလုပ်ဖို့ ထပ်သတိပေးတော့ ပြည်တွင်းမှာလည်း သွင်းကုန်အားလုံး ပြတ်လပ်နေပြီ။ သံ၊ သံမဏိကစလို့ စက်သုံးဆီ၊ ဆေးဝါး၊ စားအုန်းဆီ၊ ဆပ်ပြာမှု၊ ဆပ်ပြာကစလို့ အားလုံး ပြည်ပက တင်သွင်း နေရတာဆိုတော့ သွင်းကုန်ပြတ်လပ်တော့ ပြည်သူတွေပဲ ဒုက္ခရောက်ရတာပဲ။ စီးပွားရေးသမားတွေက လုပ်မရရင် မလုပ်ဘဲ ထိုင်နေလို့ရတယ်” ဟု UMFCCI မှ စီးပွားရေးသမားက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွင် ဒေါ်လာနှင့် မြန်မာကျပ်ငွေတန်ဖိုးကို ချုပ်ကိုင်လိုသည့်အတွက် ဒေါ်လာ သုံးနေရသော စီးပွားရေးကဏ္ဍ အထူးသဖြင့် သွင်းကုန်နယ်ပယ်အားလုံးကို ပိတ်ပင်လိုက်ရာ စီးပွားရေးတစ်ခုလုံး ရပ်တန့်သွားသည့်အခြေအနေ ဖြစ်သည်ဟု စီးပွားရေးသမားများက ရှင်းပြသည်။

“အခု ဒေါ်လာတန်ုဖိးကျပြီး ကျပ်ငွေတွေ တန်ဖိုးတက်တယ်ဆိုတာ ကိုယ့်မှာ စီးပွားရေးတွေ ကောင်းနေလို့ ကျပ်ငွေတန်ဖိုးမာတာမျိုးမဟုတ်ဘူး။ ဒေါ်လာသုံးနေရတဲ့ ကဏ္ဍတွေအားလုံးကို ဘာမှ လုပ်လို့မရအောင် ရပ်ပစ်လိုက်တာ။ ပြည်ပက ဘာမှ အသွင်းမခံတော့ဘဲ ဒေါ်လာ အသုံးကဏ္ဍတွေအားလုံးကို ရပ်ဆိုင်းပစ်လိုက်လို့ အခု ဒေါ်လာ အသုံးကဏ္ဍမရှိသလောက် နည်းသွားတာ။ ဒါက ကောင်းတဲ့ အလားအလာတော့မဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်ကို ဘာမှ အသွင်းမခံရအောင် ကိုယ်ကလည်း ဘာမှ ထုတ်လုပ်နိုင်တာမဟုတ်ဘူး။ လူတွေ ပိုဒုက္ခရောက်လာမယ်။ ဆေးဝါးနဲ့ ပြည်သွင်းကုန်တွေ ရှားလာမယ်။ ပိုခက်ခဲမှာပေါ့” ဟု ရန်ကုန်အခြေစိုက် စီးပွားရေးသမားက ရှင်းပြသည်။

လက်ရှိ စစ်ကောင်စီ၏ နိုင်ငံခြားငွေ မကုန်ရေးနှင့် သွင်းကုန်များ ပိတ်ပင်ရေး စီးပွားရေးမူဝါဒကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းအများစုအတွက် လိုအပ်သော သွင်းအားစုများ တင်သွင်းနိုင်ခြင်းမရှိ တော့ကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍတွင်လည်း လိုအပ်သော သံမဏိနှင့်သံများ တင်သွင်းနိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ယိုင်နဲ့နဲ့ စီးပွားရေးမှန်သမျှ ရပ်တန့်လုနီးပါးဖြစ်နေကာ စက်မှုကုန်ထုတ် စီပွားရေးလုပ်ငန်းအများစုမှာ ပြိုလဲလျက်ရှိနေကြောင်း စီးပွားရေးသမားများက ဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article