29 C
Yangon

သိမ်ဇရပ်တွင် PDF ဂိတ်ကို စစ်တပ်ဂိတ်ထင်မှတ်၍ လမ်းလာမေးသည့် အမှတ် ၃၁၀ အမြောက်တပ်မှ ဗိုလ်ဟိန်းဇေယျာဦးနှင့် ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရရှိပြီး KNU က ထိန်းသိမ်းထား

Must read

သိမ်ဇရပ်တွင် PDF ဂိတ်ကို စစ်တပ်ဂိတ်ထင်မှတ်၍ လမ်းလာမေးသည့် အမှတ် ၃၁၀ အမြောက်တပ်မှ ဗိုလ်ဟိန်းဇေယျာဦးနှင့် ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရရှိပြီး KNU က ထိန်းသိမ်းထား

ရန်ကုန်၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်တွင် သိမ်ဇရပ်တွင် PDF ဂိတ်ကို စစ်တပ်ဂိတ်ထင်မှတ်၍ လမ်းလာမေးသည့် အမှတ် ၃၁၀ အမြောက်တပ်မှ ဗိုလ်ဟိန်းဇေယျာဦးနှင့် ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရရှိပြီး KNU က ထိန်းသိမ်းထားကြောင်း သိမ်ဇရပ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်မှ ဗိုလ်ဟိန်းဇေယျာဦးနှင့်ဇနီးတို့သည် PDF များ စောင့်ကြပ်နေသော ဂိတ်အတွင်းသို့ ဝင်ရောက်လာသဖြင့် ဖမ်ဆီးရရှိကြောင်း၊ PDF ဂိတ်ကို စစ်တပ်ဂိတ်ဖြင့် မှားယွင်း၍ လမ်းလာမေးရာမှ ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ ဗိုလ်ဟိန်းဇေယျာဦးထံမှ သေနတ် ၁ လက်၊ အရာရှိစာရွက်စာတမ်းများ၊ စစ်ယူနီဖောင်းကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ယင်းနောက် ဖမ်းဆီးရရှိထားသော အမှတ် ၃၁၀ အမြောက်တပ်မှ ဗိုလ်ဟိန်းဇေယျာဦးနှင့်ဇနီးကို ကရင်အမျိုးသားအစည်းအရုံး KNU လက်ထဲသို့ လွှဲပြောင်းပေးလိုက်ပြီး KNU က စစ်သုံ့ပန်းဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article