35 C
Yangon

ကန့်ဘလူမြို့နယ်၊ ငါတို့ပျူစောထီးရွာရှိ ပျူစောထီး ကင်းပုန်းစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါတို့ပျူရွာစခန်းမှ ပျူစောထီးများ ကင်ပုန်းဝပ်နေသည့် အထိုင် စခန်းတစ်ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး – ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၄ ရက် ည ၁၀ နာရီခန့်က ကန့်ဘလူမြို့နယ်၊ ငါတို့ပျူစောထီးကျေးရွာမှ ပျူ စောထီးအင်အား ၃၀ ခန့်ဖြင့် အထိုင်ချကာ ကင်းပုန်းယူထားသည့် စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီးများ နေထိုင်ရာ ဘန်ကာနှင့်စခန်းအတွင်း တည့်တည့် ကျရောက် ပေါက်ကွဲခဲ့ပြီး ပျူစောထီး ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများ အနက် တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်း သိရသည်။

“ငါတို့ပျူရွာနဲ့ ညောင်ပင်ယင်းမာကြားမှာက ဆည်ဘောင်ပေါ်က ရေပိုလွှဲမှာ စခန်းအထိုင်ချထားတာ၊ အင်အားကတော့ ၃၀ လောက်ရှိမယ်၊ ကင်းပုန်းပုံစံမျိုးနဲ့ပဲရှိတယ်။ အဲဒီ စခန်းကို ဒရုန်းဗုံးသီး ၃ လုံးကို ပွိုင့် ၂ ပွိုင့်ခွဲချတာ။ သူတို့ဘန်ကာနဲ့ ကတုတ်ကျင်းနေရာကိုကျတာ၊ ၃ ဦးသေတယ်၊ ၆ ဦး ဒဏ်ရာ ရ တယ်။ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာသင်္ဂြိုလ်တယ်လို့ သတင်းရတယ်။ ကျနော်တို့ ပထမ တစ်ကြိမ်ချ ကတည်းကထွက်ပြေးကြတာတွေနဲ့ကတုတ်ကျင်းထဲဝင်ပုန်းတဲ့သူကပုန်းဖြစ်သွားတာ၊ သူတို့ကလည်း အမိန့်ကြောင့်သာ လာနေကြရတာဆိုတော့ ဒရုန်းချနဲ့တစ်ခါတည်း ပြေးကြတာ” ဟု ကန့်ဘူလူမြို့ နယ် ပြည်သူ့ကာကွယ်ရေး – ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘူလူမြို့နယ် ပြည်သူ့ကာကွယ်ရေး – ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ ရဲဘော် များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဖြင့် ဗုံးသီးချပြီးနောက် ပျူစောထီးများမှာ စခန်းအတွင်းမှ ထွက်ပြေးသွားကြောင်း၊ သေဆုံးပျူစောထီးအလောင်းများကို နံနက်ပိုင်း မိုးလင်းချိန်ရောက်မှ လာ ရောက်ကောက်ယူသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article