29 C
Yangon

ထီးလင်းတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန် ၊ အောက်တိုဘာ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းသတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်အချိန် ထီးလင်းမြို့နယ်၊ ညောင်ရွာ နှင့် အကြည်ဘန်းကျေးရွာ ကြားတစ်နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ ဂျက်ဖိုက်တာ တစ်စီးဖြင့် ၃ ကြိတ်လှည့်ပတ်ပျံဝဲကာ ဗုံးသီး ၄ လုံးကျဲချပြီး ရော့ကတ်၊ ပွိုင့်ဖိုက် လက်နက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြည်ဘန်းကျေးရွာနေ ပြည်သူ အမျိုးသား ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူများ မွေးထားသော ဝက်အမကြီး တစ်ကောင်၊ ဝက်အထီးကြီး တစ် ကောင်နှင့် ဝက်သားပေါက်ကလေး ၉ ကောင် နှင့် ညောင်ရွာမှ ပြည်သူပိုင် ကျွဲတစ်ကောင်တို့ သေ ဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ စစ်ဘေးရှောင်စခန်းများကို ရည် ရွယ်ချက်ရှိရှိ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ့်ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article