29 C
Yangon

လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦးကျော် သေ ဆုံး၊ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

Must read

လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦးကျော် သေ ဆုံး၊ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးကာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မြေပြင်ရှိ တော် လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် လောင်းလုံးမြို့နယ်၊ အောက်ဘက် ညင်း မော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ရင်းဘုတ်ကျေးရွာများဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရင်းဘုတ် ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၆ ရက် နေ့ကလည်း ငုံတောင်တွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ် သားအများအပြားသေဆုံးပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်က လူလတ်ပိုင်း အမျိုးသားပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် လေဖြတ်နေသည့် အမျိုးသမီးတစ်ဦးလည်း နှလုံးရပ်သေဆုံးခဲ့ကြောင်း၊ ထိုသို့ စစ်ဘေးရှောင်ရင်း ထွက်ပြေးရာက အမျိုးသမီးတစ်ဦး ရေမြောင်းထဲ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

“ကဒက်ငယ်ထိန်ရွာက အသက် ၃၀ ဝန်းကျင်အရွယ် လူလတ်ပိုင်း ၁ ဦး ပစ်ခတ်သတ်ဖြတ်ခံရတယ်။ လေဖြတ်ပြီး အိပ်ယာထဲလဲနေတဲ့ အမျိုး သမီးတစ်ဦး လက်နက်ကြီးသံကြောင့် နှလုံးရပ် သေတယ်၊ အမျိုးသမီးတစ်ဦးလည်း ပြေးရင်းလွှားရင်း မြောင်းထဲကျပြီး သေတယ်။ ဒါက ရေဖြူကျေးရွာ ငုံး‌ တောင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုပါ။ ဖမ်းဆီးခံထားရတဲ့ အရပ်သား ပြည်သူ ၁၀၀ ကျော်မှာ ၅၀ ကျော်လောက်တော့ ပြန်လွှတ်ပေးပြီးပြီ။ ၅၀ ကျော်လောက်တော့ လူ သား ဒိုင်းကာအဖြစ် ဆက်လက် အသုံးပြုနေဆဲပါ” ဟု မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် လောင်းလုံးမြို့နယ်အောက်ဘက်ကျေးရွာများဖြစ်သည့် ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ရင်းဘုတ်စသည့် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသနေပြည်သူ ထောင်ချီ ထွက် ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ် ကြောင်း သိရ သည်။

ဓာတ်ပုံ- လောင်းလုံးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article