26 C
Yangon

မြန်မာ့ စီးပွားရေး ဦးမော့သော်လည်း အားနည်းနေပြီး တွန်းအားပေးသော်လည်း တိုးတက်မှုမရှိ၊ စိုက်ပျိုး/မွေးမြူရေးဖြင့် ကမ္ဘာ့ ဂုဏ်ယူစရာ နိုင်ငံဖြစ်ရန်လိုဟု အကြမ်းဖက် မင်းအောင်လှိုင် ကြုံးဝါး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ ဦးမော့သော်လည်း အားနည်းနေဆဲဖြစ်ပြီး တွန်းအားပေးသော်လည်း တိုးတက်မှုမရှိကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ကမ္ဘာ့ဂုဏ်ယူစရာနိုင်ငံဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ယမန်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော စစ်ကောင်စီ၏ ၇ /၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်မင်းအောင်လှိုင်က ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် စီးပွားရေး ပြန်လည် ဦးမော့ရေး ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့စီးပါားရေးမှာ ပြန်လည် ဦးမော့လာခဲ့ကြောင်း၊ သို့ရာတွင် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက တိုးတက်မှု အားနည်းနေဆဲဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း ထိုက်သင့်သလောက် တိုးတက်မှု မရှိကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံ၏ စီးပွားရေးကို စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်ုလပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ကမ္ဘာပေါ်တွင် စားရေရိက္ခာထတ်လုပ်သည့် နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်ရန်လိုကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံ၏ စီးပွားရေး ဦးမော့လာသည်ဟု ပြောဆိုသော်လည်း UNDP အပါအဝင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် နေထိုင်ရကြောင်း၊ နိုင်ငံ့စီးပွားရေး၏ အဓိကအင်အားဖြစ်သော လူလတ်တန်းစား များ ပျောက်ကွယ်နေပြီး လူတန်းစားမညီမျှမှုများမြင့်မားလာနေကြောင်း၊ မြန်မာနိုင်ငံတွင် ယနေ့အထိ နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းကျော်အထိ မြင့်တက်လာခဲ့ပြီး ယင်းကိန်းဂဏန်းမှာ လွန်ခဲ့သော ၂ နှစ်အတွင်း နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၃ သန်းကျော်ထက် ၂ ဆကျော် မြင့်တက်လာကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူဦးရေမှာ ထိတ်လန့်ဖွယ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် ၄ နှစ်နီးပါးတာကာလအတွင်း အာဏာသိမ်း စစ်အုပ်စု၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် လူပေါင်း ၅,၈၀၀ ကျော် သေဆုံးခဲ့ရပြီး မြန်မာနိုင်ငံ၏ လူဦးရေ ၁၈ ဒသမ ၆ သန်း ကျော်မှာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အရေးတကြီး လိုအပ်နေပြီး အများစုမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြောင်း၊ နေအိမ်ပေါင်း ၁၀၀,၀၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နိုင်ငံ့လူဦးရေ၏ တစ်ဝက်နီးပါးမှာ နိုင်ငံ၏ ဆင်းရဲမွဲတေမှုအမှတ်မျဉ်းအောက်တွင် ရောက်ရှိရှင်သန်နေကြရကြောင်း၊ ထို့အတူ လူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးတကြီး လိုအပ်နေ သည့် လူဦးရေ ၁၈ ဒသမ ၆ သန်းကျော်အနက် ၆ သန်းကျော်သော ကလေးငယ်များမှာ ၎င်းတို့ အတွက် အခြေခံလိုအပ်သည့် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများ ပြတ်တောက်နေ သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအစီရင်ခံစာများအရ သိရှိရသည်။

ထို့ပြင်၂၀၂၁ ခုနှစ် စစ်တပ်မှ တရားမဝင် အာဏာသိမ်းမှုကြောင့် စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၂ ရာ ခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယိုယွင်းလာသော စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်မှု တိုးပွားလာခြင်းတို့က မြန်မာပြည်သူများမှာ ဘဝဖွံ့ဖြိုးတိုးတက်မှုထက် နေ့စဉ်အသက်ရှင်သန်မှုအပေါ်သာ အာရုံစိုက်နေကြရကြောင်း၊ တရားဥပဒေစိုးမိုးမှု လုံးဝမရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုများ များပြားနေခြင်းသည် နိုင်ငံ ဖြတ်ကျော် ရာဇ၀တ်မှုများ၊ Online လိမ်လည်မှု၊ လူကုန်ကူးမှု နှင့် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် တရားမဝင် စီးပွားရေး အများအပြား အပေါ် ထပ်လောင်း အကျိုး သက်ရောက်ပြီး အခြေအနေ ပိုမိုဆိုးရွား စေကြောင်း၊ UNCTAD ၏ အဆိုအရ မူးယစ်ဆေးဝါး တင်ပို့မှု တစ်ခုတည်းမှ ဖြစ်ပေါ် လာသော တရားမဝင် ငွေကြေးစီးဆင်းမှုများသည် ပြည်တွင်း၌ အမေရိကန်ဒေါ်လာ ၁,၃၄၇ သန်း အထိရှိနေ ကြောင်း၊ ယခုဖြစ်စဉ်များသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ထိခိုက်သည့် အန္တရာယ်များဖြစ်လာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးများတွင် တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article