30 C
Yangon

မြင်းမူမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် ဆက်ကြေး ကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာနှင့် ဆက်ကြေး ကောက်နေသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြောင်-မြင်းမူ-ချောင်းဦး လမ်းဆုံ‌တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ စိန်ပြောင်းများဖြင့် ပစ်ခိုက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မြင်းမူမြိုနယ် ဂွေးပင်တောကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲ၍ ခရီးသွား ပြည်သူများထံမှ အတင်း အဓမ္မ ငွေကြေး တောင်းခံခြင်း ပြုလုပ်လျက်ရှိသော စစ်ကောင်စီ တပ်များကို ဒရုန်း ၁၁ အစီးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများဘက်မှ ၆၀ မမ ၊ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁/ ၂/ ၅) ၊ ဒေသတွင်း တော်လှန်ရေး အင်အားစုများ ၊ ရေနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ကျားခင်စိန်အဖွဲ့ (‌မြောင်) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article