28 C
Yangon

လားရှိုးမြို့၊ ရဲစခန်းနှင့် အကျဉ်းထောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချ၊ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ပြီး တောက် လျှောက် စစ်လေယာဉ်များ ပျံဝဲနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ရဲစခန်းနှင့် အကျဉ်းထောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ယနေ့ ညနေပိုင်း ဗုံးများ ကျဲချကြောင်း လားရှိုးအခြေစိုက် သတင်းရင်းမြစ်များက ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁ မိနစ်အချိန် လားရှိုးရဲစခန်းနှင့် အကျဉ်းထောင်ကို စစ်တပ်လေယာဉ်များက ဗုံးများကျဲချကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိ ခိုက် မှုများရှိနိုင်ပြီး အတိအကျ မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။

“အတိအကျတော့ မသိရသေးဘူး။ သိရရင်ပြန်ပြောပေးပါ့မယ်” ဟု လားရှိုးအခြေစိုက် သတင်းရင်းမြစ်က ဆိုသည်။

ယနေ့တွင် စစ်ကောင်စီ၏ စစ်လေယာဉ်များက လားရှိုးမြို့ကို ၃ ကြိမ်တိုင် ဗုံးကျဲခဲ့ပြီး ပထမအကြိမ်အဖြစ် ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် ရိုးရာဆန်အရက်ချက်စက်ရုံကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ရပ်ကွက် ၁၂ အတွင်းသို့လည်းကောင်း၊ တတိယအကြိမ်အဖြစ် ရဲစခန်းနှင့်အကျဉ်းထောင်ကိုလည်းကောင်း ဗုံးများကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့ ကို စစ်ကောင်စီ‌၏ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀ ကျော်လာပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ​MNDAA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချတိုက်ခိုက်လျက်ရှိရာ ၃ လကျော် အတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – MNDAA က ဇူလိုင်လအတွင်း သိမ်းပိုက်ခဲ့သော လားရှိုးမြို့မရဲစခန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

MNDAA က ဇူလိုင်လအတွင်း သိမ်းပိုက်ခဲ့သော လားရှိုးမြို့မရဲစခန်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article