31 C
Yangon

မြန်မာနိုင်ငံတွင် မည်သည့်အာဏာရှင်မှ ထပ်မံအုပ်စိုးခွင့် မရစေရေး ကြိုးစားနေဟု SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် ပြောဆို

Must read

မြန်မာနိုင်ငံတွင် မည်သည့်အာဏာရှင်မှ ထပ်မံအုပ်စိုးခွင့် မရစေရေး ကြိုးစားနေဟု SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၂၆

မြန်မာနိုင်ငံတွင် မည်သည့်အာဏာရှင်မှ ထပ်မံအုပ်စိုးခွင့်မရစေရေး ကြိုးစားနေကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်( SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောဆိုလိုက်သည်။

ယနေ့အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျရောက်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် – SNLD ၏ ၃၆ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုကာလမှာ ကပ်ရောဂါဘေးဒဏ်၊ စစ်ဘေး စစ်ဒဏ်၊ သဘာဝ ဘေးဒဏ်၊ စစ်လက်နက်ဒဏ်၊ မိုး ပေါ် ကကျလာတဲ့ ဗုံးဒဏ်၊ မချစ်မနှစ်သက်သူတွေရဲ့ အုပ်ချုပ်ခြင်းကို ခံရတဲ့ ဒဏ်၊ ကုန်ဈေးနှုန်း ကြီး မြင့်တဲ့ဒဏ်၊ ရန်သူမျိုးငါးပါးရဲ့ ဒဏ်၊ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာကို ခံနေကြရတာဖြစ်ပါတယ်။ ဒါတွေဟာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဖြစ်နေတာပါ။ ဒါကို တစ်နေရာထဲကွက်ပြီး ကောင်းအောင် လုပ် လို့ မရပါဘူး။ ကိုယ့်တစ်နေရာထဲ ကွက်ပြီးကောင်းနေလို့လည်း အဆင်မပြေနိုင်ပါဘူး။ တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ ဖြေရှင်းရမဲ့ကိစ္စတွေ ဖြစ်နေတယ်ဆိုတာကိုလည်း ရှင်းလင်းပြချင်ပါတယ်။ ပွင့်ပွင့် လင်း လင်းပြောရရင် မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်ကိုမှ ထပ်ပြီးအုပ်စိုးခွင့်မရအောင် ကျနော်တို့ ကြိုး စားနေကြတာဖြစ်ပါတယ်။ အာဏာရှင်စိုးမိုးတဲ့ တိုင်းပြည်ကနေ ပြည်သူ့ကိုယ်စားလှယ်တွေ စိုးမိုး အုပ် ချုပ်တဲ့ တိုင်းပြည်ဖြစ်လာအောင် ကြိုးစား အားထုတ်ကြတာ ဖြစ်ပါတယ်။” ဟု SNLD ဥက္ကဌ ဦးစိုင်းညွန့်လွင်က ပြောဆိုသည်။

မြန်မာနိုင်ငံအနှံ့အပြားနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူများ၊ ပါ တီဝင်များ ထိခိုက်ခံစားနေရမှုကို နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ကာကွယ်မပေးနိုင်သည့်အပေါ် စိတ် မကောင်းဖြစ်ရပြီး စိတ်ဓာတ်ကြံ့ခိုင်ရန်၊ စည်းလုံးညီညွတ်ကြရန်၊ တစ်ဦးနှင့်တစ်ဦးကူညီကြရန် နှင့် စိတ်ဓာတ်ပျက်ပြားပြီး စိတ်ဝမ်းကွဲသည့် ကာလဖြစ်သည်ကို သတိပြုကာ ရှောင်ရှားရမည်ဖြစ် ကြောင်း အသိပေးထားသည်။

“ဒီကနေ့ ဒီကာလမှာ ရှမ်းတွေရဲ့ စစ်ရေး၊ နိုင်ငံရေးဟာ အဖက်ဖက်က အကြပ်အတည်း ဖြစ်နေတယ် ဆိုတာလဲ ကျနော်တို့ ဝန်ခံရမှာပဲ ဖြစ်ပါတယ်။ ဒါတွေကို ဖြေလျော့စေဖို့အတွက် နားလည်မှုရှိတဲ့ဥ ညီညွတ်ရေးမျိုးကို တည်ဆောက်ဖို့လိုအပ်ပါတယ်။ အများက ပြောပြောနေကြတဲ့ မျိုးချစ်စိတ်ဓါတ် ဆိုတဲ့ စကားကို ဒီနေရာဒီအချိန်မှာ တကယ်ဟုတ်-မဟုတ်၊ တကယ်ရှိ-မရှိ တကယ်မှန်-မမှန် အကဲ ဖြတ်ဖို့ အချိန်အခါဖြစ်ပါတယ်။” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“မည်မျှပင် ဒုက္ခပင်လယ်ဝေနေပါစေ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဒေသကို ထားကာ ရှောင်ထွက် သွား၍ မရဘဲ ဇွဲသတ္တိနှင့် ခိုင်မာသည့် စိတ်ဓာတ်ကို အရင်းပြု၍ အခက်အခဲများကို ကျော်ဖြတ်ရမည်” ဖြစ် ကြောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD အနေဖြင့်လည်း ပါတီဝင်များ၊ မဲဆန္ဒရှင် ပြည်သူများ၊ အားပေးထောက်ခံသူများကို ပစ်ထားမည်မဟုတ်ကြောင်း အသိပေးထားသည်။

“ကျနော်တို့ဟာ ကိုယ်မြေ/ကိုယ့်ရေ/ကိုယ့်ဒေသကို ထားခဲ့ပြီး ရှောင်ထွက်သွားလို့ မရနိုင်တဲ့အတွက် ဘယ်လိုပဲ ဒုက္ခပင်လယ်ဝေနေပါစေ ဇွဲသတ္တိနဲ့ ခိုင်မာတဲ့စိတ်ဓါတ်ကို အရင်းပြုပြီး အဲ့ဒီအခက်အခဲ တွေကို ဖြတ်ကျော်ကြရမှာပဲ ဖြစ်ပါတယ်။ ကျနော်တို့ပါတီအနေနဲ့ ကိုယ့်ပါတီဝင်တွေ၊ ကိုယ့်မဲဆန္ဒရှင် တွေ၊ ကိုယ့်ကိုအားပေးထောက်ခံနေသူ တွေကို ဒီအတိုင်းပစ်ထားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးမိတ်ဆွေ တွေနဲ့အတူ လက်တွဲပြီး ကျနော်တို့ရဲ့ ပြည်သူလူထု ဖြစ်စေချင်တဲ့အတိုင်း ပြည်သူတွေရဲ့ စိတ်ဆန္ဒ တွေနဲ့ကိုက်ညီပြီး ပြည်သူ့ဘဝနဲ့ ထိုက်တန်တဲ့ အခြေအနေမျိုးကို ပြန်ရောက်လာအောင် ကျနော်တို့ အစဉ်တစိုက် အမြဲတမ်းကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း သိစေလိုပါ တယ်။ ကျနော်တို့ဟာ ကျနော်တို့ လူထုတွေနဲ့ တသွေးထဲတသားထဲ အတူတကွအမြဲရှိနေပါတယ်ဆို တာကိုလဲ အသိပေးလိုပါတယ်။” ဟု SNLD ဥက္ကဌ စိုင်းညွန့်လွင်က ပြောကြားသည်။

လတ်တလော အဓိကအားဖြင့် စိတ်ရှည်ရှည်ထား၍ ပညာကို အသုံးချတတ်ရန် လိုအပ်ပြီး အချိန်ကာလအတိုင်းအတာ တစ်ခုအထိ စောင့်ဆိုင်းရန် လိုအပ်ကြောင်း၊ နိုင်ငံရေးလောကထဲသို့ ဝင်လာကြခြင်းသည် ပြသနာများ ကို ရင်ဆိုင်ဖြေရှင်း၇◌န် ဝင်ရောက်လာကြခြင်းဖြစ်ပြီး မည်သည့် ပြသနာဖြစ်ပါစေ ရင်ဆိုင်ဖြေရှင်း သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“အာဏာရှင်တိုက်ဖျက်ရေးကို ဆောင်ရွက်နေကြရင်း အခက်အခဲပေါင်း သောင်းခြောက်ထောင်နဲ့ ရင် ဆိုင်နေရတဲ့ ကျနော်တို့တိုင်းပြည်ကို ပြာပုံထဲက ပြန်လည်နိုးထရုန်း ထွက်လာနိုင်စေဖို့အတွက်လဲ ကျ နော်တို့ နဲ့အတူ ဆက်လက်လက်တွဲပြီး ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြဖို့ အထူးတိုက်တွန်းလိုပါ တယ်။ မကြာခင် ကာလတွေမှာ မြန်မာဟာ အေးချမ်းသာယာတဲ့ တိုင်းပြည်၊ ပြည်သူ့ကိုယ်စားလှယ် အစစ် အမှန်တွေက စီမံအုပ်ချုပ်တဲ့တိုင်းပြည်၊ အာဏာရှင်ဟူသမျှ ကင်းစင်တဲ့တိုင်းပြည် အဲ့ဒီလို တိုင်းပြည် တစ်ခုဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ခုအဖြစ် ပြန်လည်ပေါ်ထွန်း လာပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ ကျနော်ရဲ့ အမှာစကားကို နိဂုံးချုပ်ပါရစေ။” ဟု SNLD ဥက္ကဌ စိုင်းညွန့်လွင်က ပြောဆိုသည်။

SNLD ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွင် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခြင်းမပြုရန် ၂၀၂၃ ခုနှစ်တွင် ပါတီက တရားဝင် ဆုံးဖြတ်ခဲ့ကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article