29 C
Yangon

စလင်းတွင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် တရားခံ ဦးစံ ကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၂ ခုဖြင့် အမှုဖွင့် အရေးယူထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော တရားခံ ဦးစံ ကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၂ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေအတွင်း အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အသက် ၄၂ နှစ်အရွယ် ဦးစံ ဆိုသူကို တော်လှန်ရေး တပ်ဖွဲ့များက ၇၂ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံ ဦးစံသည် မုဒိမ်းမှု ကျူးလွန်ပြီးနောက် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်၍ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ပုဒ်မ – ၃၇၆/ ၃၀၂ (က) တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ဥပဒေနှင့် အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဦးစံက မုဒိမ်းမှု ကျူးလွန်ပြီးတော့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) ထောက်လှမ်းရေးတာဝန်ခံတွေက တရားခံကို ၇၂ နာရီအတွင်း မျက်မြင်သက်သေတွေ သက်သေခံ ပစ္စည်းတွေနဲ့အတူ အချိန်မီဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဥပဒေနဲ့အညီ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စိုးမိုးနယ်မြေများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်တိုက်ခိုက်ရေးအပြင် ပြည်သူများ ဘေးကင်းလုံခြုံစွာ တရားဥပဒေနှင့် အညီ နေထိုင်နိုင်ရေးအတွက် အထူးကြိုးစား ဆောင်ရွက်လျှက်ရှိကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article