28 C
Yangon

မြင်းခြံနှင့် မတ္တရာတွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် ဈေးထွက်ဝယ်သည့် စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ဆေးရုံတွင် တပ်စွဲထားသော စစ်သားများ ဈေးဝယ်ထွက်စဉ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဆီမီးခုံမြို့ဆေးရုံအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သား ၈ ဦးသည် ဆီမီးခုံမြို့ အနောက်ဈေးသို့ ဈေးဝယ်ထွက်လာစဉ် တံတားကြီးအနီး ကွန်ကရစ်လမ်းမပေါ်အရောက် ပဒေသာမိုင်း ၇ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး မိုင်းထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းစထိမှန်ခဲ့သော စစ်သားများကို ကျန်ရှိနေသော စစ်သားများက ခေါ်ဆောင်ပြီး လမ်းဘေးဝဲယာကို ရမ်းသမ်း ပစ်ခတ်ကာ တပ်စွဲထားသော ဆေးရုံရှိရာဘက်ကို ဝရုန်းသုန်းကားဖြင့် ပြန်ပြေးသွားကြောင်း၊ မိုင်းစထိမှန်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၄ ဦးအနက် ၂ ဦးကို စောင်ပုခက်ဖြင့် ထုတ်ပိုးထမ်းသယ်ကာ နံနက် ၁၁ နာရီအချိန်တွင် မြစ်ဆိပ်ဘက်သို့ သယ်ယူ သွားကြောင်း သိရသည်။

“စစ်ခွေးတွေက မနက်တိုင်းဈေးဝယ်ထွက်နေကြပဲ၊ မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်စောင့်နေတာကြာပြီ။ မြို့ထဲ ဆိုတော့ လုပ်ရတာ အတော်ကြပ်တယ်။ ပြည်သူတွေလည်းရှိနေတော့။ စခ၊ ရခ၊ ပခတွေကို ပစ်မှတ် ထားတိုက်ခိုက်တဲ့နေရာမှာ ပြည်သူတွေ အထိအခိုက်မဖြစ်စေချင်ဘူး။ အဲဒါကြောင့်လည်း မိဘပြည် သူတွေအနေနဲ့ စခ၊ ရခ၊ ပခတွေနဲ့ ဝေးဝေးနေပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ရွှေဂျိုးဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်း မိုင်းဆွဲတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) နှင့် AungSan’s Blood Civilians Defense Force (ABCDF) မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်းကာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MSDO ၏ စစ်ဆေးရေး အစိတ်အပိုင်းအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆင်ကျွန်ကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် မန္တလေးမြို့နှင့် ၃ မိုင်ကျော်အကွာအဝေးရှိ မတ္တရာမြို့နယ်၊ ဆင်ကျွန်းကျေးရွာစာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို တိကျစွာ ကျဲချနိုင်ခဲ့သော်လည်း တစ်လုံးမှာပေါက်ကွဲမှု မရှိဘဲ ကျန်တစ်လုံးမှာ ထိရောက်စွာပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား ၁ ဦး ထိခိုက် သိရသည်။

“ဆင်ကျွန်းရွာမှာ တပ်စွဲပြီး သုံးဆယ်ပေးရွာနဲ့ အနီးအနားကျေးရွာကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့ စခန်း ပါ။ မန္တလေးမြို့နဲ့ဆိုရင် ၃ မိုင်ကျော်လောက်ပဲဝေးတယ်။ ဗုံးတစ်လုံးပဲ ကွဲတာတစ်လုံးက Error တက် ပြီး မကွဲဘူး။ ဗုံးကွဲပြီးတော့ ကျေးရွာတစ်ရွာလုံးကို ပိတ်ဆို့ထားပြီး စစ်ဆေးမှုတွေလုပ်တယ်လို့ သိရ တယ်။ စခတွေရမ်းသမ်းပစ်ခတ်လို့ ပြည်သူပိုင်နွားတစ်ကောင်သေတယ်။ တစ်ရွာလုံးကို အော်ဟစ်ဆဲ ဆိုနေတယ်လို့ သိရပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Acid LPDF ၊ Royal Falcon နှင့် Phoenix SGG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲခံရပြီးနောက် အကြမ်းဖက်စစ်သားများက လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article