33 C
Yangon

မြင်းမူနှင့်ချောင်းဦးမြို့နယ်တို့တွင် စစ်ကောင်စီ၏လေယာဉ်ဆီတင်ယာဉ်တန်းနှင့်ကင်းပုန်းများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ် ဆီ တင်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defense Force Myinmu တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်က စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ တက် လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီယာဉ်နှင့် လုံခြုံရေးလိုက်ပါလာသော ယာဉ်တန်း အစီး ၂၀ အနက် အလယ်တန်းကား ၃ စီးကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီး အရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်သား သေဆုံး ထိခိုက်မှု ရှိ၊ မရှိသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အပြန်အလှန် ပစ်ခတ်မှုက ၁၀ မိနစ်လောက်ပါပဲ။ ကင်းပုန်းတွေက များနေတာရယ်၊ ကျနော်တို့ တပ်ဖွဲ့ကလည်း အင်အားနည်းနေတာရယ်ကြောင့် အင်အားမမျှလို့ ပြန်ဆုတ်ခဲ့ရတာပါ။ ဘယ်အချိန် ထွက်လာတာလဲတော့ မသိဘူး။ အုန်းတောနားရောက်နေပြီသတင်းရလို့ တက်ပစ်ခဲ့တာပါ။ ထိခိုက် သေဆုံးမှုကတော့ စုံစမ်းလို့မရသေးဘူး” ဟု Dog Killers People’s Defense Force Myinmu တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defense Force Myinmu(DK-PDF MMU) ရဲဘော် များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် Black Hero LPDF၊ ဘာမထီတော်လှန်ရေးတပ်ဖွဲ့၊ IDIOTS Column ၊ The Brightness Monywaတို့ကလည်း စစ်ကိုင်းမှထွက်လာသောစစ်ယဉ်တန်းနှင့် စစ်တပ် ဆီဘောက်ဆာကားများကို ပစ်ခတ်ရန် အသွား စစ်တပ်ကင်းပုန်းနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း Black Hero LPDF က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article