32 C
Yangon

ရန်ကုန်လေဆိပ်တွင် အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပထွက်ခွာခွင့်မပြုစေရေး ဂရုပြု စိစစ်တားဆီးရန် စစ်ကောင်စီလ၀က ဝန်ကြီး မြင့်ကြိုင် အမိန့်ပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပထွက်ခွာခွင့်မပြုစေရေး ဂရုပြု စိစစ်တားဆီးတင်းကျပ်ရန် အကြမ်းဖက်စစ်ကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး မြင့်ကြိုင်က အမိန့်ပေးညွှန်ကြားနေကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ လ၀က ဝန်ကြီး မြင့်ကြိုင်က ရန်ကုန်လေဆိပ်သို့ သွားရောက်၍ လ၀က ဝန်ထမ်းများကို တွေ့ဆုံပြီး အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရေး စနစ်တကျ စိစစ်တားဆီးနိုင်ရေး အလေးအနက်ထား ဂရုပြုဆောင် ရွက်ရန်လိုအပ်ကြောင်း အမိန့်ပေး ညွှန်ကြားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ကြိုတင်တင်ပြ ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့ ထွက်ခွာခွင့်မပြုရန်လည်း ညွှန်ကြားထားပြီး ၎င်းတို့ကိုမူ အမည်မည်းစာရင်း သွင်းခြင်းမဟုတ်ဘဲ စောင့်ကြည့်ခွင့်ပြုရမည့်စာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်ဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းသည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ လေယာဉ်အမှတ် XY-ALP(E-190)၊ ခရီးစဉ်အမှတ် 8M-337 ဖြင့် ထိုင်းနိုင်ငံ၊ သု၀ဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ရန် ကြိုးစားစဉ် စစ်တပ်က ၎င်း၏ နိုင်ငံကူးလက်မှတ် သိမ်းဆည်း ၍ နေအိမ်သို့ ပြန်ခိုင်းခဲ့ကြောင်း၊ ရွှေစျေးကစားမှုဖြင့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်၍ ပြည်ပထွက်ခွာခွင့်ပိတ်ထားသော အမည်မည်းစာရင်း သွင်းထားကြောင်း သိရှိရသည်။

စစ်တပ်၏ အမည်မည်းစာရင်းတွင် CDM လုပ်ထားသော ဝန်ထမ်းများ၊စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင်ပြီး ထောင်ဒဏ်ကျခံခဲ့ရသော အနု ပညာရှင်များ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး နိုင်ငံ ရေးသမားများ၊ ယခင် NLD လွှတ်တော်ကိုယ်စားလှယ်တချို့၊ စီးပွားရေးဆိုင်ရာ ပြစ်မှုကျူးလွန်သည်ဟု စစ်တပ်က သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းရှင်များ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး သတင်းသမားများ၊ စစ်တပ်ကို ဆန့်ကျင်သော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် လူပုဂ္ဂိုလ်များစွာ ပါဝင်ကြောင်း၊ ယင်းစာရင်းကို စစ်ထောက်လှမ်းရေးနှင့်ပြည်ထဲရေးက ထုတ်ပြန်ခြင်းဖြစ်ပြီး လ၀ကထံသို့ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article