30 C
Yangon

ကန့်ဘလူ၊ ကာဘိုးရွာ အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက အနီးအနားကျေးရွာများမှ ပြည်သူ ၁၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားကျေးရွာများမှ ပြည်သူ ၁၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်၍ ကာဘိုးရွာ အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျီစုရွာ၊ ကျောက်တိုင်ရွာနှင့် အိုင်ပေါင်းချာရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျီစုရွာနှင့် ကျောက်တိုင်ရွာမှ နေအိမ် ၇၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အိုင်ပေါင်းရွာမှ အရပ်သား ပြည်သူ ၃၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၁ ရက်နေ့တွင် ဝက်တိုး (တ) ရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၁၀၀ နီးပါးကို မီးရှိ့ဖျက်ဆီးကာ ပြည်သူ ၅ ဦးကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ကာဘိုး ပျူစောထီး အထိုင်စခန်းမှ ကား ၃ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဘူးကြီးရွာကို ထပ်မံဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်း ပိတ်မိနေသည့် အရပ်သား ပြည်သူ ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးနေတာပါ။ ကန့်ဘလူနယ် ကာဘိုးကနေ ကားကြီးတွေနဲ့ ထွက်လာသော စစ်ခွေးတွေက မနေ့က ကျီစုရွာနဲ့ ညောင်ပင်ဆိပ်ရွာက ပြည်သူများကို လိုက်လံဖမ်းဆီးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ထန်းကုန်းကနေ ထွက်လာတဲ့ စစ်ခွေးကား ၇ စီးက ညောင်ပင်ဆိပ်ရောက်ရှိနေတယ်။ ဘူကြီးရွာက ပြည်သူတွေကိုလည်း တင့်ကားတပ်ရင်း ၆၀၀၆ ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ တစ်ယောက်မှ ပြန်မလွတ်သေးဘူး” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၆ ရက်တာအတွင်း ကျေးရွာ ၃ ရွာမှ ပြည်သူပိုင် နေအိမ် ၈၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ပြည်သူ ၁၀၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီးကာ ၆၀၀၆ တင့်ကားတပ်ရင်းထဲတွင် လက်ရှိချိန်ထိ ဖမ်းဆီးထားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article