28 C
Yangon

ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် စစ်သားသစ်စုဆောင်းပြီး တော်လှန်ရေးတပ်ဖွဲ့များ သတင်း စုံစမ်းနေသော ကျော်မင်းထွန်း(ခ) ဖိုးနီ ပစ်ခတ်ခံရပြီး သေဆုံး ၊ “မင်းတို့မှာ PDF ရှိသလို ငါ့မှာလည်း ဘဘမင်းအောင်လှိုင်စစ်တပ်ရှိတယ်” ဟု ဖိုးနီက ပြည်သူများကို ခြိမ်းခြောက်ခဲ့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် စစ်သားသစ်စုဆောင်းပြီး တော်လှန်ရေးတပ်ဖွဲ့များ သတင်း စုံစမ်းနေသော ကျော်မင်းထွန်း(ခ) ဖိုးနီ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် သဖန်းကိုင်းအုပ်စု ကံကလေးကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို စုံစမ်းနေသော ကျော်မင်းထွန်း(ခ)ဖိုးနီကို ကံကလေးရွာနှင့်ဘန်းမွေးပြန်ရွာအကြား ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁PPDFတပ်ရင်း တပ်ခွဲ ၅ က ပစ်ခတ်ရာမှ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည် ။

သေဆုံးသူ ဖိုးနီက အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းခြင်း၊ နွေဦးတော်လှန်ရေး ထောက်ပို့တပ်သားများအပါအဝင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၏ သတင်းများကို စုံစမ်း၍ ပေါင်းတလည် ရဲစခန်းသို့ ၃ကြိမ်ထက်မနည်းသွားရောက်တိုင်တန်းခြင်း၊ သတင်းပို့ခြင်း၊ ဒေသပြည်သူ၂ဦး ကိုလည်း PDFနှင့်အဆက်အသွယ်ရှိသည်ဟုဆိုကာ ဓားနဲ့ဝင်ရောက်ထိုးခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများကိုလည်း အချိန်ရှိတိုင်းစိန်ခေါ် ပြီး “မင်းတို့မှာ ခွေးပဒက် အဖွဲ့ရှိသလို ငါ့မှာလည်း ပြည်သူချစ်တဲ့ ဘဘမင်းအောင်လှိုင်ရဲ့ပြည်သူ့စစ်တပ် ရှိတယ်။ တစ်ရွာလုံးကိုမီးရှို့ ပြာချပစ်မယ်” ဆိုကာ ခြိမ်းခြောက်နေသူလည်းဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သား၊ ရဲ၊ ထွေအုပ်စာရေးများ၊အုပ်ချုပ်ရေးမှူးများ၊ပျူစောထီးတပ်ဖွဲ့ဝင်များ၊သတင်းပေးလမ်းပြများကိုပြတ်ပြတ်သားသားအရေးယူဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်နီးစပ်ရာနေရာများကိုရှောင်တိမ်းသွားလာနေထိုင်ကြရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းက သတိပေးချက် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article