32 C
Yangon

မုံရွာတွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသော လူငယ် ၃၀ထက်မနည်းရှိကာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ စုဆောင်းရေးတပ်သို့ အပို့ခံရ

Must read

ရန်ကုန်၊ နို၀င်ဘာ ၆

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေ တကျော့ပြန် ပြန်လည်ပြုလုပ်လာပြီး ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၃၀ ထက်မနည်း ရှိနေပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အခု နို၀င်ဘာလဆန်းပိုင်းကစတင်ပြီး မုံရွာမြို့ပေါ်ရပ်ကွက်အစုံက လူငယ်တွေကို ပုံစံမျိုးစုံနဲ့ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။

“ပေါ်တာဆွဲတာ ငြိမ်သွားသေးတယ်။ အခုမှ တစ်ခါပြန်ဆွဲနေတာ၊ရပ်ကွက်အစုံပဲ လူငယ်တွေဖမ်းခံရတာ၊ဖမ်းပြီး နမခ တန်းပို့ခံရတာ”လို့ မုံရွာမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် အင်းရွာသစ်ရပ်ကွက်မှ လူငယ် ၂၀ ဦး၀န်းကျင်၊ရတနာ ပုံရပ်ကွက်မှ လူငယ် ၅ ဦးနဲ့ ထန်းတောရပ်ကွက်မှ လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပါတယ်။

“နို၀င်ဘာ ၃ ရက်နေ့ ညနေပိုင်း ရတနာပုံရပ်ကွက်ထဲက ကောင်လေးတွေ ဖမ်းဆီးခံရတာရှိတယ်။ ညနေပိုင်း လမ်းမှာဖမ်းခံရတာ။ အဲ့ဒီအရင်ရက်ကလည်း ထန်းတောရပ်ကွက်ထဲမှာ လူငယ် ၄ ယောက် ဖမ်းခံရတာရှိတယ်။ မိဘတွေနဲ့ဖုန်းခဏပြောလို့ရတယ်။ နမခ ထဲမှာတဲ့”လို့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တစ်ဦးရဲ့ မိဘနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လတ်တလော စစ်ကောင်စီက မုံရွာမြို့ပေါ်ရပ်ကွက်တွေကို အိမ်စီးကားတွေအသုံးပြုပြီး ပတ်ကင်းလှည့်ရင်း ပေါ်တာဆွဲဖမ်းဆီးတာရှိသလို ညမှောင်ချိန်မှာ ရပ်ကွက်တွင်းလမ်းပိုင်းတွေထဲမှာ စောင့်ပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်တာရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းစဉ် ဖမ်းဆီးခံရသော ရန်ကုန်မြို့မှ လူငယ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းစဉ် ဖမ်းဆီးခံရသော ရန်ကုန်မြို့မှ လူငယ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article