24 C
Yangon

ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသော စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန် ရေးတပ်များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးခန့်သေဆုံး၊ ဧရာ၀တီမြစ်အနောက်ခြမ်းဒေသကို ထိန်းချုပ် စိုးမိုးနိုင်ရေး တော်လှန်ရေးတပ်များက ကြိုးစားနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

မကွေးတိုင်း၊ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသော စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ် တပ်ဘက်မှ ၁၀ ဦးခန့်သေဆုံးနိုင်ကြောင် PRA -မကွေးက တရားဝင် သတင်းထုတ်ပြန် ပြောဆိုပြီး အရှိုချင်းကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၀၃ မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ တို့ရှိ အမ်း-ပဒါန်းလမ်းပိုက်ကို လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်း တပ်များဖြစ်သော PRA-မကွေး၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်း၍ တစ်ပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာပြီး နှစ်ဖက်ပိတ်ဆို့ ညှပ်ပစ်ခတ်လာခြင်း၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းက လက်နက်ကြီးဟောင်၀စဇာများဖြင့် ဆက်တိုက်ပစ်ခတ်လာခြင်းတို့ကြောင့် အပြီးသတ်ရှင်းလင်းရေး မလုပ်ဆောင်နိုင်တော့ဘဲ တော်လှန်ရေးတပ်များ ဆုတ်ခွာခဲ့ရကြောင်း၊အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများကိုလည်း နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ပေါင်းစုများအနေဖြင့် ဧရာ၀တီမြစ် အနောက်ဘက်ခြမ်းဒေသများ ထိန်းချုပ်စိုးမိုးနိုင်ရေးအတွက် စစ်ရေးရည်မှန်းအဖြစ် ဆောင်ရွက်နေပြီး အမ်း-ပဒါန်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးက စစ်ရေး ရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုများလည်းဖြစ်ကြောင်း၊ ဒေသ အသီးသီးရှိ စစ်နယ်ဝန်းတိုးချဲ့လာမှုနှင့်အတူ တညီတညွတ်တည်း စုပေါင်း အကောင်အထည်ဖော်သွားမည်ဟု PRA -မကွေးက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article