26 C
Yangon

မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို စောင့်ကြို တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို စောင့်ကြို တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် မြိုင်မြို့၏ မြောက်ဘက် ချောင်းဆုံဂိတ်မှ မြိုင်မြိုပေါ်ကို ဈေးဝယ်ထွက်လာသော စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စစ်ဗိုလ် ချစ်စမ်းမောင်နှင့် တပ်သား ၁ ဦး သေဆုံးခဲ့ပြီး MA -3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဒီလိုမျိုး ဈေးဝယ်ထွက်နေတယ်ဆိုတာတော့ သတင်းရနေတာကြာပြီ ဒါပေမယ့် သူတို့ကင်းယူထားတဲ့ နေရာနဲ့ကတော်တော်နီးတယ်။ ကျွန်တော်တို့ တိုက်ခိုက်လိုက်တဲ့နေရာက မြိုင်မြို့နယ် မီးသတ်ရုံးမှာ တပ်စွဲထားတာရှိတယ်။ အထက ၁ ကျောင်းမှာလည်း တပ်စွဲထားတာရှိတယ်။ အဲ ၂ ခုကြားမှာ စောင့်ပြီးတော့ကို ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အဲတိုက်ခိုက်မှုမှာ စစ်ခွေးဗိုလ် ချစ်စမ်းမောင်နဲ့ တပ်သား ၁ ဦး သေဆုံးတယ်” ဟု Joker ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ ခွဲ ၃ နှင့် အတူ Joker ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article