32 C
Yangon

စစ်တပ်၏ ဖာပွန်ဗျူဟာကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားပြီး တပ်မိသားစုများ၊ အမျိုး သမီး၊ကလေးကို စစ်ကောင်စီက လူသားဒိုင်းကာထား၍ တိုက်ခိုက် စခန်းသိမ်းရန် သတိဖြင့် ပြင်ဆင်နေရ၊ လမ်းကြောင်းဖွင့်ပေးသော်လည်း စစ်တပ်က တပ်မိသားစုများကို ထွက်ခွင့်မပေးဘဲ လူသားဒိုင်းကာအဖြစ် ဆက်သုံးနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ဖာပွန်ဗျူဟာစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ပိတ်ဆို့ထားပြီး စစ်တပ်က တပ်မိသားစုများ၊ အမျိုးသမီး၊ကလေးကို လူသားဒိုင်းကာလုပ်ထား၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန်နှင့် စခန်းသိမ်းရန် သတိဖြင့် ပြင်ဆင်နေရကြောင်း FFD တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကေးကေး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလနှောင်းပိုင်းတွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အင်အား ၁၂၀ ဝန်းကျင်ရှိနေသော စစ်တပ် ခေါပုတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်ရာတွင် ထွက်ပြေးသွားသော စစ်တပ်စစ်ကြောင်းက ဖာပွန်ဗျူဟာအတွင်းသို့ ဝင်ရောက်ရန် ကြိုးစား သော်လည်း တော်လှန်ရေးတပ်များက တားဆီး ထိန်းသိမ်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ လက်ရှိတွင် ဖာပွန်ပျူဟာစခန်းကို တော်လှန်ရေးတပ်များအားလုံးက ၀ိုင်းဝန်း ပိတ်ဆို့ထားကြောင်း သိရှိရသည်။

ဖာပွန်ဗျူဟာတပ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်များက တပ်မိသားစုများ၊ အမျိုးသမီးနှင့်ကလေးများကို လူသားဒိုင်းကာလုပ်ထားကြောင်း၊ KNLA က ယောင်္ကျား- ယောင်္ကျားချင်း၊ စစ်သား-စစ်သားချင်း စစ်တိုက်ရန်နှင့် မဆိုင်သော မိသားစု၊ကလေးငယ်များနှင့် အမျိုးသမီးများကို လွှတ်ပေးစေလိုကြောင်း၊ KNLA က လမ်းကြောင်းဖွင့်ပေးမည်ဟုစစ်တပ်ကို ကမ်းလှမ်းခဲ့ကြောင်း၊ သို့ရာတွင် ဖာပွန်ဗျူဟာရှိ စစ်တပ်က တပ်မိသားစု၊ အမျိုးသမီးနှင့် ကလေးငယ်များကို လုံး၀ လွှတ်ပေးခြင်းမရှိဘဲ လူသားဒိုင်းကာအဖြစ် ဆက်လက် အသုံးပြုနေကြောင်း သိရှိရသည်။

“ဖာပွန်ဗျူဟာကို ကျနော်တို့တွေက ၀ိုင်းထားတယ်။ ရန်သူက ရဟတ်ယာဉ်နဲ့ စစ်လက်နက်ပစ္စည်းတွေ ၊ ရိက္ခတွေ လာချပေးနေတာ။ ရန်သူရဲ့ ဗျူဟာဖွဲ့စည်းပုံ ပျက်စီးနေပြီ။ FFD တပ်ဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရန်သူ့ ဖွဲ့စည်းပုံက ပျက်နေပြီ။ ဖာပွန်ဗျူဟာကို အလုံးစုံ သိမ်းပိုက်ဖို့အတွက်မှာက စစ်တပ်က အမျိုးသမီးနဲ့ ကလေးတွေကို ကာဗာလုပ်ပြီး စခန်းထဲမှာ အထိုင်ချနေတာဖြစ်နေတယ်။ အဲဒီတော့ ဗျူဟာကို တိုက်ခိုက်ဖို့အတွက် KNLA လူကြီးတွေက စဉ်းစားနေရတယ်။ ပြင်ဆင်နေရတယ်။ အချိန်ယူနေရတယ်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ အခက်အခဲရှိတယ်။ ဒီကလေးနဲ့ မိသားစုတွေကို လမ်းကြောင်းဖွင့်ပေးမယ်၊ မိသားစုတွေ တပ်ထဲမှာ မနေဖို့ ၊ စစ်သားစစ်သားချင်း တိုက်ခိုက်ဖို့ ယောင်္ကျား ယောင်္ကျားချင်း တိုက်ခိုက်ဖို့ အကြိမ်ကြိမ်ပြောပေမယ့်လည်း သူတို့ဘက်က ဆက်ပြီးကာဗာလုပ်ထားတော့ ကျနော်တို့ဘက်က စဉ်းစားပြင်ဆင်နေရတယ်” ဟု FFD မှ ပြန်ကြားရေး တာဝန်ခံ ကေးကေးကဆိုသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၏ ဖာပွန်ပျူဟာတပ်စခန်းသာ အကြီးမားဆုံး ကျန်ရှိသော တပ်စခန်းဖြစ်နေပြီး ယင်းဗျူဟာတပ်စခန်းကို သိမ်းပိုက်ပြီးပါက ဖာပွန်မြို့နယ်တစ်ခုလုံးကို KNLA က ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – တော်လှန်ရေးတပ်များက ယခုနှစ်အတွင်း သိမ်းပိုက်ထားသော ဖာပွန်မြို့ အမှတ် ခလရ ၁၉ တပ်ရင်းဌာနချုပ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တော်လှန်ရေးတပ်များက ယခုနှစ်အတွင်း သိမ်းပိုက်ထားသော ဖာပွန်မြို့ အမှတ် ခလရ ၁၉ တပ်ရင်းဌာနချုပ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article