35 C
Yangon

နောင်ချိုမြို့ကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

နောင်ချိုမြို့ကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်နှင့် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့ ရဲစခန်း အနီးနှင့် ဈေးရပ်နယ်မြေ ၁၀ တို့ကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ရဲစခန်း အနီးတဝှိုက်ရှိ နေအိမ်များ ပျက်စီးမှုရှိပြီး ဈေးရပ်နယ်မြေ ၁၀ ရှိ အုပ်ချုပ်ရေးမှူးဟောင်း ဆရာကျောင်း၏ နေအိမ်အပါအဝင် အနီးအနားရှိ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ဈေးရပ်နယ်မြေ ၁၀ မှာရှိတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဆရာကျောင်းရဲ့ နေအိမ်ကတော့ တော်တော်ပျက်စီးသွားတယ်။ လူအထိအခိုက် သိရသလောက်တော့ မရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article