30 C
Yangon

အမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ်ခဲ့ပြီး ထိမှန်ခဲ့ဟု AA အတည်ပြု

Must read

အမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ်ခဲ့ပြီး ထိမှန်ခဲ့ဟု AA အတည်ပြု

ရန်ကုန်၊ နိုဝင်ဘာ ၁၁

အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီးကို AA က ပစ်ခတ်ခဲ့ပြီး ထိမှန်ခဲ့ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူ၊ လက်နက်၊ ရိက္ခာများ လာပို့သော ရဟတ် ယာဉ် ၄ စီးကို ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါရဟတ်ယာဉ်များအနက်မှ ရဟတ် ယာဉ် ၁ စီးမှာ အမြီးပိုင်းကို ထိမှန်ခဲ့ပြီး မကွေးတိုင်း၊ငဖဲမြို့နယ်အတွင်းသို့ ဆင်း သက်သွားကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။

“ရဟတ်ယာဉ်တစ်စင်းကို မနေ့က နေ့လယ် ၂ နာရီ ၃၀ မိနစ် ခန့်အချိန်လောက်မှာ ပစ်ချလိုက်တာ ဟုတ်ပါတယ်။ မနေ့က အကြမ်းဖက် စစ်ကောင်စီက အမ်း၊ နပခ ဌာနချုပ် ပတ်ဝန်းကျင်မှာ သူတိုရဲ့တပ်ဖွဲဝင် လူနာတွေ၊ လက် နက်ခဲယမ်း၊ ရိက္ခာ၊ စစ်အင်အား လာပိုတဲ့ ရဟတ်ယာဉ် ၄ စီး၊ ရှေ့ဆင့် နောက်ဆင့် ဆင်းသက်လာတာရှိပါတယ်။ ကျနော်တို့ဘက်က ၄ စီးစလုံးကို လိုက်ပစ်တာ ၁ စီးက အမြီးပိုင်းကိုထိသွားပါတယ်။ ဒါပေမယ့် အဲဒီထိသွားတဲ့ ရဟတ် ယာဉ်ဟာ အဲဒီနေရာမှာ ထိုးကျပျက် စီးသွားတာမျိုးမဟုတ်ဘဲ သူ့တို အကြမ်း ဖက် စစ်ကောင်စီထိမ်းချုပ်ထားတဲ့ နေရာအထိရောက်အောင် သူတို့ကြိုးစားထိန်းမောင်းပြီးမှ သတ်မှတ်နေရာကိုမရောက်ဘဲ အဆင်ပြေတဲ့တစ်နေရာမှာဆင်းသက်သွားတယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်ထပ်ကျနော်တို့ စုံစမ်းသိရှိရသလောက် အဲဒီရဟတ်ယာဉ်ဆင်းသက်သွားတာကတော့ မကွေးတိုင်း၊ ငဖဲမြိုနယ်၊ ကျောက်ဆုံရွာ အနီးကို ဆင်းသွားတယ်လို စုံစမ်းသိရှိရတယ်” ဟု ခိုင်သုခက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင်လည်း AA က စစ်ကောင်စီ၏ စစ်ရဟတ် ယာဉ် ၁ စီးကို ပစ်ခတ်ခဲ့ပြီးနောက် ပျက်ကျနေသော ရဟတ်ယာဉ်၏ ဓာတ်ပုံများကို ပါ AA ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- ယခုနှစ် ဖေဖော်ဝါရီလအတွင်း AA က ပစ်ချခဲ့သော စစ်ရဟတ်ယာဉ်ပျက် ဓာတ်ပုံ။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article