29 C
Yangon

မိုးကုတ်မြို့သို့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးများစွာ ကျဲချမှု အနည်းဆုံး ပြည်သူ ၃ ဦးခန့်သေဆုံးနိုင်ပြီး နေအိမ်အများအပြား ပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို ယမန်နေ့ ည သန်းခေါင်ယံအချိန် စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများစွာ ကျဲချခဲ့ရာ အနည်းဆုံး ပြည်သူ ၃ ဦးခန့်သေဆုံးပြီး နေအမ်အများအပြား ပျက်စီးသွားကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် စစ်ကောင်စီ၏ လေယာဉ်များက မိုးကုတ်မြို့နယ်၊ လယ်ဦးဘက်သို့လည်းကောင်း၊ ပန်းခြံဘက်သို့လည်းကောင်း၊ မိုးကုတ်မြို့ အနောက်ဘက်ပိုင်းသို့လည်းကောင်း ဗုံးများစွာ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် အနည်းဆုံး ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးကြောင်း သိရှိရသည်။

“မိုးကုတ်အရှေ့ပိုင်း၊ လယ်ဦးမင်္ဂလာ မဂ္ဂင်ကျောင်း ဘက်ကို လေယာဉ်နဲ့ပစ်တာ ဗုံး ၄ လုံးပေါက်ကွဲတယ်။ နတ်စဉ်တကြောလုံးပါသွားတယ်လို့ကြားတယ်။ ပြည်သူ ၂ ဦးသေတယ်လို့ ကြားပေမယ့် နာမည်တွေတော့ မသိရသေးဘူး။ ပန်းခြံဘက်လည်း ၁လုံးကျတယ်။ အိမ်တွေ ပျက်စီးတာများတယ်။ မနေ့ည ၁၁ နာရီ ၄၅ ခန့်မှာ မိုးကုတ် အနောက်ပိုင်းဘောလုံးကွင်းခန်းမ အနီး လေကြောင်း ထပ်တိုက်ခိုက်တယ်။ ညက ၃ နေရာလောက် အနည်းဆုံးဗုံးကျဲခံရပြီးတော့ သေဆုံးတာက ပြည်သူ ၃ ဦးတော့ အနည်းဆုံးပဲလို့သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော မိုးကုတ်ဒေသပြည်သူတချို့၏ လူမှုကွန်ရက်တွင် ရေးသားချက်များအရ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားနေအိမ် စုစုပေါင်း ၁၀ လုံးထက်မနည်းရှိနေပြီး ဦးဘဋ္ဌေး၏အိမ်အနီးမှ အိမ် ၂ လုံး၊ ခိုင်ခင်မြင့်၏နေအိမ်၊ ဦးထွန်းစိန်၏နေအိမ်အနီးရှိ အိမ် ၉ လုံး၊ ဒေါ်ထော်နီ၏ နေအိမ်၊ ပါတူးလှနှင့်ပါပူထီးတို့၏နေအိမ်များပါပျက်စီးကြောင်း၊ သေဆုံးသူများတွင် ဦးညီထွန်း၏ သားမက်ဖြစ်သူ သေဆုံးပြီး အခြားသော သေဆုံးသူ ၂ ဦးမှာမူ နာမည်မသိရှိရသေးကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို ယခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် TNLA က စစ်ကောင်စီတပ်များထံမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး မြို့မှာ ပုံမှန် လည်ပတ်နေသည့်အချိန် ၄ လနီးပါး အကြာတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article