27 C
Yangon

ပုလဲမြို့ကို တော်လှန်ရေးတပ်များက ၂ ရက်ဆက်တိုက် တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ခုခံနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခုခံနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး တော်လှန်ရေးတပ်များက ပုလဲမြို့ပေါ် ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း၊ တိုက်ပွဲများ အလွန်ပြင်းထန်နေကြောင်း၊ စစ်တပ်ကလည်း လေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ခုခံနေကြောင်း၊ နှစ်ဖက်တိုက်ပွဲများတွင် အရပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

“မြို့ကို သိမ်းတော့ မသိမ်းနိုင်သေးဘူး။မြေပြင်စစ်ကူကတော့ မလာသေးဘူး။ လေကြောင်းကနေတော့ ခဏတိုင်း ဗုံးလာကြဲတယ်။ မြို့ထဲက အရပ်သားတွေလည်း လေကြောင်း​​​ကြောင့် သေကြတယ်ကြားတယ်။ ပစ်ခတ်သံတွေကတော့ ဒီနေ့ညနေအထိ ကြားနေရတာပဲ။ ကိုယ့်ဘက်ကိုယ့်ဘက် ထိခိုက်မှုတွေရှိတယ်လည်းကြားတယ်”ဟု ပုလဲမြို့နယ်ဒေသခံတဦးက ပြောဆိုသည်။

တိုက်ပွဲပြင်းထန်နေသဖြင့် ပုလဲမြို့နှင့်အနီးရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး မြို့အတွင်း ပိတ်မိနေသည့်ပြည်သူများ အများအပြားရှိကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ပုလဲမြို့နယ် ကံကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများခဲ့လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများထိခိုက်မှုရှိကြောင်း ၊ပုလဲမြို့နယ်တွင် ကန်းဒေါင့်ရဲစခန်း ၊ ဇီးဖြူကုန်း ပျူရွာ ၊ အင်မထီးပျူရွာနှင့် ပုလဲမြို့နေရာများကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျန်နေရာများကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း သိရှိရသည်။

“‘ဒီမနက် ပုလဲရဲစခန်း၊ ပုလဲမြို့နယ် ထွေ/အုပ်ရုံးတွေမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်။ ပုလဲတစ်မြို့လုံး တိုက်ပွဲဖြစ်နေတယ်။ ပြည်သူတွေကတော့ အိမ်တွေထဲမှာ ပုန်းနေရတယ်။ အခြေအနေမကောင်းဘူး။ ပြေးလို့လည်းမရတော့ဘူး” ဟု ပုလဲမြို့ပေါ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ပုလဲမြို့ပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပုလဲမြို့ပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article