32 C
Yangon

တောင်သာမြို့နယ်၊ ဇဂျမ်းအုပ်စု ကျောင်းအိုရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းအုပ်စု ကျောင်းအိုရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နှင့် ဗုံးကျဲချ၍ ပြည်သူ့ နေအိမ် ၂ လုံးထိခိုက်ပျက်စီးသွားပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီး ကျောင်အိုရွာ စာသင်ကျောင်းတောင်ဘက်ရှိ ပြည်သူ့နေအိမ်ပေါ်သို့ ဗုံးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနက် ၅နာရီခွဲကနေ မိနစ် ၅၀ ခန့်အကြာ ဇဂျမ်းစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ကြတယ်။ လေယာဉ်ဗုံးကြောင့် နေအိမ် ၂လုံးထိခိုက်ပျက်စီးပါတယ်။ ပြည်သူထိခိုက်မှုစုံစမ်းဆဲပါ”ဟု လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်သားများသည် ကန်မြဲ-ဇဂျမ်းလမ်းဆုံသို့ ရောက်ရှိနေပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးနေကာ မြင်းခြံ-ညောင်ဦးလမ်းပေါ်ရှိ ဇဂျမ်းလမ်းဆုံ ဘီးနွယ်ကုန်းဇရပ်တွင်လည်း အကြမ်းဖက်စစ်သားများနှင့် ပျူစောထီး ၂၅ ဦးခန့်တို့သည် စစ်ဆေးနေကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၈ နာရီတွင် မြို့ဘရွာအရှေ့ဘက် ဝဲလောင်-ဇဂျမ်းလမ်းအတိုင်း ဇေဂျမ်းဘက်သို့ စစ်အင်အား ၃၀ ခန့် ခြေလျင်စစ်ကြောင်း ထွက်သွားပြီး ဘုရားလှကျေးရွာတွင် ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်က ခြုံကြီးဘက်သို့ ထွက်သွား၍ ပြည်သူများ သတိထားသွားလာကြရန်လည်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ တာဝန်ရှိသူက သတိပေး ပြောကြားသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်မှ လေယာဉ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article