28 C
Yangon

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း(ဘိုခြံလမ်း) ပေါ်ရှိ ၏ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိကြောင်း Operation Flame (OF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း (ဘိုခြံလမ်း)ပေါ်ရှိ ရွှေနံံ့သာရပ်ကွက်အုပ်ချုပ်ရေးးမှူးရုံးကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး စစ်ကောင်စီလက်အောက်ခံ တချို့ ထိခိုက်မှုအချို့ရှိခဲ့ကြောင်း ၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“အဲ့ဒီရုံးမှာ စခတွေရယ် စခ နောက်လိုက် လူမိုက်တွေရယ် အမြဲရှိပါတယ်။ ညဘက်ဆို လမ်းသွားလမ်းလာတွေကို မထင်ရင် မထင်သလို စစ်ဆေးပြီး ပိုက်ဆံတောင်းတယ်။ ဧည့်စာရင်း မထင်ရင် မထင်သလို စစ်ပြီး စစ်မှုထမ်းပါတဲ့လူတွေကို မတရား ပိုက်ဆံတောင်းနေကြလို့ အဝေးထိန်းမိုင်း တလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ စခ၊ ရခတွေနဲ့ လူနာတင်ယာဉ်တွေ ခြေရှုပ်သွားခဲ့တယ်” ဟု Operation Flame (OF)မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF)က အဓိက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ – မင်္ဂလာဒုံတွင် ဂိတ်ချ စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မင်္ဂလာဒုံတွင် ဂိတ်ချ စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article