29 C
Yangon

ရွှေပြည်သာ၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၁၄ မိနစ်ခန့်အချိန် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းရှိ ကင်းဂိတ်တွင် အရပ်ဝတ်ဖြင့် ရဲများ အရပ်ဝိုင်းဖွဲ့သောက်နေစဉ် မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ပစ်မှတ်က အဲ့ရဲစခန်းရှေ့က ကင်းဂိတ်ကို ၂ လုံး ပစ်ထည့်လိုက်တာပါ။ ပစ်မှတ်ရောက်ပါတယ်။ ရဲခွေးတွေ၊ အရပ်ဝတ်တွေရော အရက်ဝိုင်း လုပ်နေတဲ့အချိန် ဆိုတော့ ထိခိုက်မှုရှိတယ်။ အသေးစိတ်တော့ ဆက်လက် စုံစမ်းနေပါတယ်။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Operation Flame (OF) နှင့် မဟာမိတ် Yangon UG People Army – YUPA တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် တော်လှန်ရေး မဟာမိတ်များအားလုံးနှင့် အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article