28 C
Yangon

ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပခုက္ကူမြို့နယ်တွင် နှောကုန်း၊ ဒေါင်းစား ကျေးရွာတို့ကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန် ငါန်းဇွန်မြို့နယ် မြေတိုင်းရွာကို စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးအလုံး ၄၀ ဝန်းကျင်အထိ ကျဲချခဲ့ပြီး ထိခိုက်မှုများ မသိရှိရသေးကြောင်း၊ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြေတိုင်းရွာမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ Y12 လေယာဉ်နဲ့ ဗုံးကျဲသွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်လည်း စစ်ကောင်စီတပ်များက နှောကုန်းနှင့်ဒေါင်းစားကျေး ရွာများသို့ စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း၊ စစ်တပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့် အဆိုပါကျေးရွာများ မီးလောင်နေသည်ကို ပခုက္ကူမြို့နှင့်စက်မှုဇုန်ဘက်မှ မြင်တွေ့နေရပြီး ကောင်းကင်တွင် မီးခိုးလုံးကြီးမြင်နေရကြောင်း ၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူထောင်ချီ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့ နံနက်ပိုင်း ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article