27 C
Yangon

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူး၊ အင်ချွန်း၊ ချွန်းနန်းစသောမြို့များတွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင် ဆန္ဒပြပွဲနှင့် တော်လှန်ရုပ်ရှင်၊ဂီတဖျော်ဖြေပွဲများကျင်းပ

Must read

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူး၊ အင်ချွန်း၊ ချွန်းနန်းစသောမြို့များတွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင် ဆန္ဒပြပွဲနှင့် တော်လှန်ရုပ်ရှင်၊ဂီတဖျော်ဖြေပွဲများကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူး၊ အင်ချွန်း၊ ချွန်းနန်းစသောမြို့များတွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ကြောင်းဆန္ဒပြပွဲနှင့် တော်လှန်ရေး ရန်ပုံငွေထောက်ပို့နိုင်ရေးတော်လှန်ရုပ်ရှင်၊ဂီတဖျော်ဖြေပွဲများကျင်းပခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ပြည်တွင်းရှိ တော်လှန်ရေးကြိုးစားနေသည့်ပြည်သူ့ကာကွယ်ရေးများ၊စစ်ဘေးရှောင်ပြည်သူများကို အတတ်နိုင်ဆုံးထောက်ပို့နိုင်ရန် ရန်ပုံငွေရရှိပွဲများကို ကိုကိုရီးယားရောက်မြန်မာနိုင်ငံသူနိုင်ငံသားများအနေနှင့် ကြိုးစားအားထုတ်နေသလို နိုင်ငံတကာရောက်မြန်မာနိုင်ငံသားများအနေနှင့်လည်း ကိုယ်စွမ်းနိုင်ရာဖြင့် ပါဝင်ဆင်နွဲပေးရန်နှင့် ငွေကြေးထောက်ပို့အဓိကလိုအပ်ကြောင်း၊ ပြည်တွင်းပြည်ပဟန်ချက်ညီစွာပြုလုပ်ဆောင်ရွက်သွားပါက စစ်အာဏာရှင်စနစ်ဆိုးမှ အမြန်ဆုံးလွတ်မြောက်မည်ဖြစ်ကြောင်း မိန့်ကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article