24 C
Yangon

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အရှင်မိ

Must read

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အရှင်မိ

ရန်ကုန်။ နိုဝင်ဘာ ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၁၁ စီးဖြင့် ဗုံးကျဲပြီး မြေပြင်မှ အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး အမျိုးသမီး ပျူစောထီး ၃ ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသော အမျိုးသမီး ၁ ဦးသည် ပျူစောထီး အဖွဲ့ဝင်ဖြစ်ပြီး ကျန် ၂ ဦးသည် အမျိုးတော်စပ်သူများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသော အမျိုးသမီး ပျူစောထီး ၃ ဦးကို စစ်ဆေးမေးမြန်းမှုများ ဆက်လက် ပြုလုပ်နေပြီး ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ ပေါ်မူတည်ပြီး NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတဲ့ ၃ ဦးမှာ ၁ ဦးကတော့ ပျူစောထီး ကျန် ၂ ဦးက သူနဲ့ အမျိုးတော်တဲ့ သူတွေ အခု ၃ ဦးလုံးကို စစ်ဆေးမှု ပြုလုပ်နေပါတယ်။ MOD က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အညီ ကျန်တော်တို့ ဆက်လက် အရေးယူသွားမယ်။ သူတို့ ဘယ်လိုပြစ်မှုတွေ ကျူးလွန်ထားလည်းဆိုတာတော့ မသိသေးဘူး။ ကန်နီပျူစောထီးရွာထဲမှာ ကျန်ရှိနေတဲ့ ပျူစောထီးတွေအနေနဲ့ အမြန်ဆုံး ပြည်သူ့ ရင်ခွင် ခိုလှုံဖို့ ပြောချင်တယ်။ ကျန်တော်တို့ ကြိုဆိုနေပါတယ်” ဟု ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၂ ၊ ၆ ၊ ၇ ၊ ၁၇ ၊ ဒေါင်းနက် တပ်ရင်း ၁၀ ၊ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊ အညာမြေပြောက်ကျားတပ်ဖွဲ့ ၊ အမိမြေပြောက်ကျားတပ်ဖွဲ့ ၊ မြိုင် ပကဖ ၊ ဗမာ့ဒေါင်း လေကြောင်း တိုက်ခိုက်ရေး တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article