25 C
Yangon

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီ၊ ရတနာဒီပ၊ မင်္ဂလာဒီပ၊ ဆင်ဖြူရပ်ကွက်၊ ညောင်ပင်ကြီးစုရပ်ကွက်၊ ညောင်ပင်စုကြီးကွက်သစ်၊ အောင်သုခကျေးရွာများမှ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ ရဲနှင့် စည်ပင်အင်အား ၂၀၀ ဖြင့် ဝင်ရောက် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ၊ အဆိုပါ နေအိမ်အများစုမှာ ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ချိန်က သက်ဆိုင်ရာစည်ပင်က ဆောက်လုပ်ခွင့်ပေးခဲ့ကြောင်း၊ ယခုအခါတွင်မှ စည်ပင်ပိုင်မြေဟုဆိုကာ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ စီမံဌာနကြီးမှူး စိုးဝင်း ဦးဆောင်ပြီး ဖျက်နေတာပါ ။ ၂၀၁၅ ခုနှစ် အိမ်ဆောက်ခွင့်တင်တုန်းက ဘာလို့ခွင့်ပြုခဲ့လဲ။ နဂိုကတည်းက စည်ပင်မြေဆိုရင် ဘာလို့ အရောင်းအဝယ်တွေလုပ်ပြီး အဆောက်အဦးတွေ ဆောက်လုပ်ခွင့်ပြုခဲ့လဲ။

သူတို့ လုပ်စားခဲ့ကြပြီးမှ ပြည်သူတွေကို ဒုက္ခပေးတာပဲ။ နေတဲ့သူတွေမှာလည်း ရေ၊ လျှပ်စစ် မီတာဘောက်စ်၊ လျှပ်စစ်မီး၊ ဓာတ်တိုင်တွေ သွယ်တန်းပေးပြီး ကျလာတာပဲ။ အဲဒီတုန်းက အတူတူပေါင်းစား ခွင့်ပြုခဲ့ပြီး အခု မြို့ကွက်စည်လာတော့မှ အချက်အချာ ကျလာတော့မှ ဖျက်ခိုင်းတာက မတရားသဖြင့် အာဏာနဲ့ အနိုင်ကျင့်တာပဲ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

နေအိမ် ဖျက်ဆီးခံရသူများတွင် ဗိုလ်မှူးချုပ်ဟောင်းများ၊ န၀တခေတ် အားကစားဝန်ကြီးဟောင်းနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များလည်း ပါဝင်ပြီး လက်ရှိတွင် နေအိမ် ၇၉ လုံး အဖျက်ခံထားရကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နေအိမ်များကို ဖျက်ဆီးနေစဉ် စစ်တပ်၊ရဲနှင့် စည်ပင်တို့က ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းမပြုရန် ရိုက်ကူးပါက လက်ထိပ်ခတ် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

“အခုတော့ အဖျက်ခံရတာက ၇၉ အိမ်ရှိပြီ။ အခုလည်း ပစ္စည်းတွေရွေ့နေရတယ်။ စစ်သား ရဲ စည်ပင် အင်အား ၁၀၀ လောက်နဲ့ လာဖျက်တာပါ။ ဓါတ်ပုံရိုက်ရင် လက်ထိပ်ခတ်မယ်လုပ်ပါတယ်။ အဓိက စည်ပင်က မြေပုံ အတု ထုတ်ပြီး ကျူးကျော်ဆိုပြီး ဝင် ဖျက်ပါတယ်” ဟု ဖျက်ဆီးခံရသော နေအိမ်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

လက်ရှိ ဖျက်ဆီးခံနေရသော နေအိမ်များတွင် အိမ်ကြီးအိမ်ကောင်းများစွာပါဝင်ပြီး အင်အားသုံး ဖြိုဖျက်ခံရခြင်းဖြစ်၍ ပြည်သူအများအပြား အိုးမဲ့ အိမ်မဲ့ဖြစ်ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article